Pᴀʀᴛ 22

328 42 23
                                    

ရေစီးကျသံကြားမှတစ်ချက်တစ်ချက်ထွက်လာတဲ့ သီချင်းညည်းသံမှာခပ်အေးအေး...။ရေပန်းပူပူအောက်မှာ စိတ်ကျေနပ်အားရအောင်ချိုးပစ်လိုက်ပြီးမှ ဂျယ်ယွန်းရေချိုးခန်းထဲကထွက်လာလိုက်သည်။ဆံနွယ်စိုစိုတွေကို သပတ်ဖြင့်သုတ်လို့နာရီကြည့်လျှင် ‌ညနေငါးနာရီသာရှိသေးသည်။သို့ပေမဲ့ဆောင်းတွင်းပီပီ နေဝင်ဆည်းဆာခလို့မှောင်ရီပျိုးနေပြီ။

ဒီကနေ့ ဂျယ်ယွန်းမှာဆေးရုံကိုသွားကြို၍မရ။ဂျူတီကအမှန်‌တော့နေ့လယ်ကပြီးသည်ဆိုကာအနှီလူသားက အိမ်ပြန်ရောက်မှဖုန်းဆက်လာသည်လေ။ဒါကိုရန်‌ထောင်မိလျှင်ဒေါက်တာပတ်ဆောင်ဟွန်းလေးမှာ တစ်ရက်လောက်တော့အိမ်မှာသူနားဖြစ်အောင်တမင်မပြောတာပါတဲ့...။ဂျူတီပြီးလို့ထွက်လာတိုင်းတစ်ယောက်တည်းထိုင်နေတဲ့နောက်ကျောကိုမကြည့်ရက်သည်တဲ့။ဒီလိုနဲ့ ဂျယ်ယွန်းဟာမကျေမနပ်စိတ်တစ်ဝက်၊သဘောကျစိတ်တစ်ဖုံနှင့် အထွန့်မတက်နိုင်ခဲ့သည်လေ။

ဒါပေမဲ့ အခုအိမ်သွားတွေ့လည်းရသားပဲ

အတွေးနဲ့အတူ အဝတ်အစားလဲ‌နေရင်းမှအပေါ်အင်္ကျီပါကောက်စွပ်လျှင်ကုတင်ပေါ်မှဖုန်းဟာ တိုက်တိုက်ဆိုင်ဆိုင်မြည်တီးလာသည်။ဂျယ်ယွန်း ရုတ်တရက်ကနေအပြုံးတစ်ဝက်နှင့်အမြန်သွားယူလိုက်သည်။ဒါပေမဲ့ ထင်ထားသလို'ဟွန်း'မဟုတ်...။အနှီအမျိုးသမီး "မီရယ်"ခေါ်"ဂျူလီယာ" ရဲ့နာမည်ကိုမြင်သည်နှင့်ဂျယ်ယွန်းနှာခေါင်းရှုံ့လိုက်သည်။စိတ်လှုပ်ရှားမှုရာခိုင်နှုန်းမှာ ချက်ချင်းပင်သုညအထိကျဆင်းသွားပြီး

"ဘာလဲ"

"Ohhh လေသံကအလာကြီးပဲ"

"ဘာကိစ္စရှိပြန်သလဲမမလေး၊ငါ,ရှင်းမ်ဂျယ်ယွန်းက နင့်အငှားမောင်းသမားမဟုတ်ဘူးနော်"

"ဟယ် နင်ဘယ်လိုသိတာလဲ"

မကျေမနပ်ရွဲ့ကာပြောလိုက်ပေမဲ့ ထိုကောင်မလေးကတော့ရယ်ကျဲကျဲအသံဖြင့်သူ့ကိုတအံ့တဩပြန်မေးလာသည်။ဂျယ်ယွန်း ချက်ချင်းစိတ်မရှည်စွာသက်ပြင်းချလိုက်မိပြီး

"ဘာဖြစ်ရပြန်လဲ၊တက္ကစီတွေလက်ညှိုးညွှန်ရာရှိနေတဲ့ခေတ်ကြီးကို၊ငါကားမမောင်းချင်ဘူး"

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now