အလောသုံးဆယ်ပြေးထွက်လာတဲ့ခြေလှမ်းတွေဟာ အမှန်စင်စစ်တုန်ယင်နေသည်။တတောက်တောက်ဆင်းမိတဲ့လှေကားထစ်တွေက အရေအတွက်များလွန်းတာမဟုတ်ပေမဲ့ ဘာလို့ဒီလောက်မောဟိုက်နေစေရသလဲ...။
အာရုံမကပ်စွာအောက်ထပ်ရောက်လာပြီးတဲ့အခါမှာ သူ့နှုတ်ခမ်းနှစ်လွှာဟာ ထုံထိုင်းနေသည်။သူဘာတွေလုပ်ခဲ့မိတာလဲ...။ကောက်ဆွဲလာမိတဲ့လွယ်အိတ်ကိုထိုအတိုင်းကိုင်ရက်သားနဲ့ လှေကားထိပ်မှာရပ်နေမိတော့ခြေသံတစ်ခုထွက်လာသည်။ဗလာမျက်ဝန်းတွေနဲ့ကြည့်မိလိုက်တဲ့အခါ သူမှတ်မိသလောက်မမှားဘူးဆိုဂျယ်ယွန်းရဲ့အမေပါပဲ...။သူ့ဒဏ်ရာတွေကိုတဖွဖွနဲ့ဆေးထည့်ဖို့ပြောခဲ့တဲ့ သဘောကောင်းတဲ့အန်တီပေါ့။ဈေးကြီးမှန်းသိသာတဲ့အဝတ်အစားအသစ်တွေနဲ့ မကြာသေးခင်ကမှအပြင်ကပြန်လာပုံရသလိုလှေကားဝကသူ့ကို တအံ့တဩကြည့်လာရင်း
"သားက....?၊ဟိုတစ်ခါဂျယ်ယွန်းနဲ့....၊ဪ ဂျယ်ယွန်းဆီလာတာလားကွဲ့"
"ဟုတ်၊အခု ပြန်တော့မလို့ပါ"
"သားရောက်နေတာအန်တီမသိလိုက်ဘူးကွယ်၊ဂျယ်ယွန်းတစ်ယောက်ကလည်း ဘာမှမပြောဘူး၊ဘာမှတောင်မဧည့်ခံလိုက်ရဘူး၊ခဏလေး သားထမင်းစားပြီးမှသွားပါလား"
"ရတယ် အန်တီ၊ကျွန်တော်နောက်ကျနေလို့၊သွားလိုက်ပါဦးမယ်"
"ကွယ် အင်း၊အင်း၊ဂရုစိုက်ပြန်နော်"
ငြင်းဆိုလိုက်တာနဲ့စိတ်မကောင်းသလိုဖြစ်သွားတဲ့အန်တီက တားတော့မတားပါ။တကယ်လည်းသူ ဒီမှန်လိုတောက်ပြောင်နေတဲ့ကြမ်းခင်းတွေနဲ့ဧည့်ခန်းထဲကအမြန်ပြေးထွက်ချင်နေခဲ့တာ။ပြီးတော့အခန်းထဲမှာကျန်နေခဲ့တဲ့လူက သူ့နောက်ကိုလည်းလိုက်မလာခဲ့ဘူးလေ။
ဆောင်ဟွန်းအရိုအသေပြုပြီး တံခါးဝဆီအမြန်သွားတော့အနောက်ကနေ လိုက်ပို့လာတဲ့အန်တီကသေချာနှုတ်ဆက်သည်။ခြံတံခါးမရောက်ခင်အထိ လျှောက်ရတဲ့ကျယ်ဝန်းလွန်းတဲ့ခြံကြီးကသူ့ကိုမလိုအပ်ပဲစိတ်အနှောင့်အယှက်ပေး၏။အပြင်ကနေပဲမြင်ဖူးခဲ့တဲ့မီးဆိုင်းတွေနဲ့အိမ်ကြီးက သူ့ကိုအရင်ကတည်းကမလုံခြုံမှုတွေပေးခဲ့တာပါပဲ....။ဘာလို့မှန်းမသိသူဟာအဲ့ဒီအိမ်ထဲဝင်ဖို့ မထိုက်တန်သလိုခံစားခဲ့ရတာ။ဒါပေမဲ့ မြဲမြံစွာကိုင်လာတဲ့အဲ့ဒီလက်တွေရဲ့ကပေးတဲ့တွန်းအားတွေကြောင့်မို့...။
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.