မနက်စာပြင်ပြီးသွားတဲ့ဆောင်ဟွန်းကစားပွဲပေါ်နေရာချပြီးတာနဲ့ အခန်းတံခါးလေးကိုခပ်သဲ့သဲ့သွားခေါက်လိုက်သည်။'ဒေါက် ဒေါက်' မြည်သံအဆုံးမှာ အထဲကဘာတုံ့ပြန်မှုမှမရှိသေး။ထပ်ဆင့် ပိုပိုသာသာခေါက်လိုက်တဲ့အခါမှ
"ရှိတယ်!!"
ဆိုတဲ့ခပ်ဆောင့်ဆောင့်အသံလေးက အလိုမကျစွာထွက်လာသည်။ဆောင်ဟွန်း လက်ကိုင်ဘုကိုဆွဲလှည့်ကာအသာဟဖွင့်လိုက်လျှင်တော့ မှန်တင်ခုံရှေ့မှအနှီမလေးဟာအကျအန ပြင်ဆင်နေသည်။မျက်မှောင်ကုတ်ကာ အကဲခတ်နေတဲ့သူ့ကိုနည်းနည်းလေးမှအာရုံမရှိလာပဲ နှုတ်ခမ်းနီကိုသာဆိုး၍မပြီးနိုင်။ဆောင်ဟွန်း တံခါးဘောင်ကိုလက်ပိုက်ကာမှီရပ်လိုက်ပြီး
"ပိတ်ရက်ကြီးကိုဘယ်သွားမလို့လဲ မမလေး"
"ပိတ်ရက်မလို့ သွားတာပေါ့၊အိမ်မှာပဲနေရမှာလားလို့"
အထွန့်တက်သံလေးကိုဆောင်ဟွန်းက အသားကျနေသူပီပီငြိမ်ကာကြည့်နေဆဲ။မှန်တင်ခုံကထရပ်လိုက်တဲ့ ရယ်ဂျီကတော့အစ်ကိုဖြစ်သူဘက်မျက်နှာမူလာကာ သူမရဲ့ဂါဝန်လှလှလေးကိုကိုင်ရင်းဟိုလှည့်ဒီလှည့်ဖြင့်မျက်ခုံးပင့်ပြလာသည်။မပြုံးမိအောင်အောင့်အီးထားတဲ့ဆောင်ဟွန်းက အကြီးပီပီအကျင့်လေးယုတ်ချင်သေးသည်လေ။တစ်ကိုယ်လုံးကိုအစုန်အဆန်ကြည့်ကာ နှာခေါင်းရှုံ့ပြလိုက်လျှင်မြင်တဲ့ကောင်မလေးဟာ ချက်ချင်းမျက်နှာမဲ့သွားသည်။
"ကိုကို!"
"ဘယ်လိုပြင်ပြင် အရင်အတိုင်းပဲကို"
"အကျင့်မကောင်းတဲ့ အဖိုးကြီး!!"
"ပြီးရင်လည်း မနက်စာစားသွား"
ဆူဆောင့်ကာသူ့နားလျှောက်လာတဲ့ရယ်ဂျီ့ကိုဆောင်ဟွန်းက မကြားဟန်နှင့်အခန်းဝဆီကထွက်လာလိုက်သည်။အဖြစ်သည်းတတ်သည့်ညီမကိုစရသည်လောက် သဘောခွေ့စရာကောင်းတာမရှိ။မီးဖိုချောင်ဆီလိုက်လာတဲ့ရယ်ဂျီကတော့ စားပွဲပေါ်ကသူမကြိုက်သည့်မနက်စာကိုမြင်လျှင် 'ဟွန့်'ခနဲမျက်စောင်းထိုးသေးသည်။ဆောင်ဟွန်းကို ဘယ်လောက်မကျေနပ်နပ် အီစိမ့်စိမ့်ကြက်ဥညှပ်ပေါင်မုန့်ကိုတော့သူမ မလွန်ဆန်နိုင်သည်လေ။မေမေ့လက်ရာအတိုင်း ကိုကိုကသာလုပ်တတ်သည်ကိုး။
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.