Pᴀʀᴛ 5

649 76 16
                                    

ကားပေါ်ကဆင်းလိုက်ပြီးလျှင် လေတချွန်ချွန်နဲ့လျှောက်လှမ်းမိတာဟာကျောင်းဝင်းထဲဆီ...။ရာသီဥတုကဒီနေ့မှပိုသာယာသည်။တိမ်သားတွေကြည်လင်နေတဲ့ကောင်းကင်ပြာအောက်မှာ လေတိုက်တိုင်းနေနံ့လေးတွေရသလို မျက်လုံးထဲပိုပြီးစိမ်းလန်းနေပါတဲ့သစ်ရွက်ကလေးတွေ။

ဒီလိုမျိုးကြည်လင်နေတဲ့စိတ်အစဉ်ဟာ မနေ့ညကအစပြုသည်။သို့တိုင်မရေမရာခံစားချက်လေးက ရှိနေဆဲ...။အိမ်မှာမနေချင်တိုင်းထွက်လာမိတဲ့ရပ်ဝန်းလေးမှာထိုနှစ်ဆယ့်လေးနာရီစတိုးဆိုင်ဆီပဲဆိုက်မြိုက်သွားတတ်သလို တဖက်လူဆီကအာရုံနည်းနည်းလေးပဲဖြစ်ဖြစ်ရဖို့လုပ်မိတဲ့ကြောင်တောင်တောင်လုပ်ရပ်တချို့။

ဒီတိုင်းလုပ်ချင်ရာလုပ်ပါစေဆိုပြီးလွှတ်ထားတာပါလားဆိုတဲ့ဝမ်းနည်းစရာအသိလေးရဲ့ဆန့်ကျင်ဘက်မှာတော့ အနည်းဆုံးသူပေးတာကိုငြင်းဆန်တာမျိုး၊မက်ြိုက်တဲ့အမူအရာပြတာမျိုးမရှိဘူးပဲဆိုတဲ့ကျေနပ်မှုလေး...။ဘာလို့ဒီလိုလုပ်နေမိပါလိမ့်ဆိုတဲ့အတွေးကိုတော့ ခေါင်းထဲမှာထည့်မထားတတ်။

သိတာတစ်ခုကတော့ပတ်ဆောင်ဟွန်းကစိတ်ဝင်စားစရာကောင်းသည်။ထို့အတူ နားလည်ရခက်၏။နည်းနည်းနီးစပ်နေပြီလို့ခံစားရသလိုဖြစ်မိလျှင် ဝင်တိုက်မိပါတဲ့ကြားထဲကနံရံအထပ်ထပ်တွေ။လက်မလျှော့မိပဲထိုနရံကိုဖောက်ထွင်းဖို့ကြိုးစားရင်တော့ ကျော်တက်လာဖို့လှေကားလေးချပေးလိမ့်မည်။ဒါပေမဲ့ ယိုင်နဲ့နဲ့လှေကားလေးမှာ နံရံအဆုံးထိမရောက်တတ်။

ဒါကိုသိပ်ပြီး‌တော့လည်းစိတ်ထဲမထားပါ...။အနည်းဆုံးတော့သူဟာလှေကားလေးကိုဖြစ်ဖြစ်တက်ခွင့်ရသည်မဟုတ်ပါလား။

ဖွင့်ထုတ်မိတဲ့သူ့အရေးတွေမှာကြောင်တောင်တောင်နိုင်ပေမဲ့ နှစ်သိမ့်စကားတစ်ချို့လက်ခံရနိုင်လောက်မည်ဟုတော့မထင်ခဲ့ရိုးအမှန်။ဟျောင်းပြန်ရောက်စသူတို့အိမ်က ပုံမှန်ထက်ပိုရွှင်လန်းသည်။

ထမင်းစားပွဲဝိုင်းဟာနန်းတော်တမျှခမ်းနားသွားရသလို အရောင်မှိန်ကျသွားပါတဲ့သူ့တည်ရှိမှု။အစ်ကိုပြန်ရောက်နေတာကိုဝမ်းသာပေမဲ့ တဖက်မှာလည်းမပြောပြတတ်တဲ့ကိန်းဝင်နေတဲ့ခံစားချက်တစ်ချို့ရှိသည်...။သူ့သိတတ်စအရွယ်က‌နေတလျှောက်လုံးမသိလိုက်ဘာသာပဲပြိုင်ဘက်တစ်ယောက်လိုသဘောထားမိနေတာမို့...။

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now