Pᴀʀᴛ 17

439 52 22
                                    

လှုပ်ရှားနေတဲ့လက်ချောင်းလေးတွေဟာ ဆေးစစ်ချက်ရလဒ်တွေ၊အထူးကုဒေါက်တာကြီးပြောနေတဲ့လိုအပ်သမျှအားလုံးကို မကြွင်းမကျန်လိုက်မှတ်နေသည်။အာရုံတစိုက်ရှိတဲ့မျက်ခုံးတန်းလေးတွေကအစ၊တည်ငြိမ်နေတဲ့မျက်စံအိမ်တွေနဲ့အတူ ဒေါက်တာကြီး round လှည့်သမျှလူနာတွေရဲ့အခြေအနေအားလုံးကိုသေသေချာချာကိုယ်တိုင်ပါဂရုတစိုက်။

တစ်နာရီ‌ကျော်လောက်‌ကြာ‌အောင်ဆေးရုံကသက်ဆိုင်ရာလူနာ‌တွေအကုန်လုံးကိုကြည့်ပြီးမှဒေါက်တာကြီးပြန်သွားလျှင် ဆောင်ဟွန်းလည်းလိုအပ်တာတွေစစ်ဆေးပြီးတာနှင့် သူ့နားတဲ့နေရာကထွက်လာလိုက်သည်။နှုတ်ခမ်းပါးလေးတွေဟာ နှုတ်ဆက်လာသမျှလူနာရှင်တစ်ချို့ကို ပြန်ကာခပ်ရို့ရို့လေးပြုံးပြတတ်သည်။

အရင်ကတော့ဆောင်ဟွန်းကဆေးရုံကိုနာသလိုလို၊မုန်းသလိုလိုရှိဖူးသေးသည်။ဒါပေမဲ့ မေမေ့ကြောင့်ပဲသူဟာဆရာဝန်ဖြစ်လာသည်။မေမေ့ကိုကိုယ်တိုင်မကုသပေးနိုင်ခဲ့တဲ့ဆယ်ကျော်သက်ကောင်လေးရဲ့ ယူကျုံးမရတဲ့ဒဏ်ရာကို ခုတော့နားကြပ်လေးလည်ပင်းချိတ်ကာသူများတွေကိုပိုမိုဂရုစိုက်ပေးရင်းကိုယ့်ဘာသာကုယူတတ်လာသည်။ဆုံးရှုံးရခြင်းကိုမခံရပ်နိုင်ဖြစ်ရသည်ထက် ဖြစ်သမျှအရာဟာဖြစ်မည်ဆိုရှောင်လွှဲမရကြောင်းသိတန်သိတတ်လာသည်။

"ဒေါက်တာ၊ဒေါက်တာပတ်!"

ဆေးကောင်တာကခေါ်သံကြောင့် ဆောင်ဟွန်းလှည့်ကြည့်လိုက်လျှင်သူနာပြု‌လေးက သူ့ကိုပြုံးပြလာသည်။အနားလျှောက်သွားကာရပ်လိုက်သည်နှင့် ပြင်ပလူနာတွေထားတဲ့ဘက်ကို လှမ်းကြည့်လိုက်တဲ့သူမက

"ခုနက ဒေါက်တာပတ်ကိုလာမေးတဲ့သူရှိလို့၊ဒေါက်တာနဲ့ရွယ်တူ ယောင်္ကျားတစ်ယောက်ပဲ၊ဘယ်ရောက်သွားပါလိမ့်၊အော ဟော ဟိုမှာ ဟိုမှာ၊ထိုင်နေတဲ့တစ်ယောက်"

"......"

မေးညွှန်ပြတဲ့ဘက်ကို ဆောင်ဟွန်းကပါလိုက်ကြည့်လိုက်တာနှင့် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ပြုံးရယ်နေတဲ့နှုတ်ခမ်းကွေးတွေပိုင်ရှင်ကား သူ့ကိုမြင်ဟန်မရသေး...။စနောက်နေဟန်အမူအရာကိုအကဲခတ်မိသည်ကတော့ ကုတင်ပေါ်ကမျက်မှောင်တွေကျုံ့ထားကာဖုန်းကြည့်နေတဲ့ကောင်မလေးတစ်ယောက်ကြောင့်သာ။မသိလိုက်ပဲအတန်ကြာကြည့်နေမိလျှင် သူ့ဘက်မျက်နှာမူလာတဲ့ပုံရိပ်ကရယ်နေရာကနေတန့်ခနဲ။ဆုံမြိုက်ခါနီးမျက်ဝန်းတွေကိုဆောင်ဟွန်းကကြိုတင်လွှဲဖယ်မိလျှင်

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now