လေးလံနေတဲ့စိတ်အစဉ်မှာ သူ့ခြေလှမ်းတွေကိုသွက်လက်မနေစေ။ခြံဝန်းထဲဝင်လိုက်တိုင်းမေမေ့ပန်းပင်တွေဆီကရနေကျရနံ့မှာ ဒီကနေ့ညမှာတော့မပျံ့သင်း။လမင်းကြီးကိုအားကိုးပြုလို့ တလက်လက်ဖိတ်ဖြာနေတတ်တဲ့ကြယ်ကလေးတွေကိုလည်းမမြင်ရချေ။အနက်ရောင်ကောင်းကင်ကျယ်ကြား သူ့ကိုပင်တမင်တိမ်းရှောင်နေသဖွယ်ပုန်းလျှိုးလို့နေပုံရသည်။
တံခါးကိုဖွင့်ဝင်လိုက်တာနဲ့ ဧည့်ခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်။ဧည့်ခန်းလယ်ကမီးဆိုင်းကြီးကပဲ သူ့မျက်ထောင့်နီတွေကိုပိုကျိန်းစပ်စေသလား။ဖိနပ်ကြမ်းမစီးမိတဲ့သူ့ခြေဖဝါးတွေကိုတော့နင်းလျှောက်မိတဲ့ကြွေကြမ်းခင်းကြီးက အိမ်အပြင်ကလေအေးတွေထက်သူ့သွေးကြောတွေထိအေးစိမ့်စေတော့တာ။
တိတ်ဆိတ်ခြောက်ကပ်နေတဲ့အိမ်ကြီးကိုဝေ့ဝဲကြည့်လို့လှေကားထစ်တွေဆီလှမ်းမိလျှင် အနောက်ဘက်မီးဖိုချောင်ဆီကဝိုးတဝါးစကားသံတစ်ချို့ကိုကြားရသည်။စိတ်အလိုအရစူးစမ်းမိတဲ့ ခြေလှမ်းတွေကလှေကားထစ်တွေကိုကျောခိုင်းသည်။နီးလေလေ ကြားလာရတဲ့အသံတွေမှာပိုလို့ပီသလေလေ။အထူးသဖြင့် မာမီ့ရဲ့ရွှင်မြူးနေတဲ့အသံမတိုးမကျယ်...။ဒါကိုဂျယ်ယွန်းစနိုးစနောင့်ဖြစ်ရလျှင် မီးဖိုချောင်ဆီချက်ချင်းမဝင်မိ။ကိုယ့်အိမ်ကိုယ့်ရာမှာ သူခိုးတစ်ယောက်အလားထောင့်နားက ကွယ်ကာကြည့်မိလို့အရင်ဆုံးဖမ်းဆုပ်မိတာကမာမီ့ရဲ့နှစ်လိုဖွယ်အပြုံးတွေ။
တဆက်တည်းဟျောင်းနဲ့ဖေဖေ့ရဲ့တည်ရှိမှုကိုပါ တွေ့ရတော့ဂျယ်ယွန်းငြိမ်ကြည့်နေမိသည်။နွေးနေတာပဲ...။ဘာလို့ဧည့်ခန်းထဲကလေထုနဲ့သိပ်ကွဲပြားနေတယ်လို့သူခံစားရပါသလဲ...။စားပွဲဝိုင်းမှာ သူတစ်ယောက်မပါဝင်ပေမဲ့လည်း နွေးထွေးနေနိုင်ကြောင်းဂျယ်ယွန်းဘာကြောင့်မတွေးမိရပါသလဲ။
"ငယ်ငယ်ကလေ မင်းကသိပ်ဒီဇီဇာကြောင်တာပဲ၊ဇွန်းတို့ပန်းကန်တို့တောင်မှ သူ့ဟာဆိုပြီးသပ်သပ်ခွဲထားမှတဲ့လေ၊တစ်ရက်မာမီကမေ့ပြီး တခြားဇွန်းပေးမိတာအဲ့နေ့လယ်စာမစားပဲတစ်နေ့လုံးစိတ်ကောက်နေပါလေရော၊သူ့ဟာပြန်ပြောင်းပေးတောင်မရဘူး"
![](https://img.wattpad.com/cover/325703733-288-k81839.jpg)
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.