ထိုးရပ်လိုက်တဲ့ တက္ကစီကားလေးကြောင့်ရင်းနှီးနေတဲ့ပတ်ဝန်းကျင်မှာဆိုက်မြိုက်သည်နှင့်ဂျယ်ယွန်းကကားပေါ်ကနေအသာဝေ့ကြည့်လိုက်သည်။ဘာတစ်ခုမှပြောင်းလဲခြင်းမရှိပါလားလို့ လွမ်းငေးမိလျှင်မိချင်းအတွေးကိုဆန့်ကျင်တဲ့အရာကိုလည်းလှမ်းမြင်သည်။အသာဝိုင်းသွားတဲ့ မျက်ဝန်းတွေကိုမြင်ရင်တော့ဘေးကလူသားက သဘောတကျပြုံးသေးသည်။မနက်အစောပိုင်းရဲ့သာမန်ထက်ပိုကဲတဲ့ဆောင်းရာသီအအေးဒဏ်ကို လက်ချောင်းလေးတွေဆုပ်ညှစ်သွားကာထွေးပွေ့သေးတဲ့ဆောင်ဟွန်းကဘာမှတော့မပြောချေ။ဆင်းဟန်ပြင်တဲ့လူကို ဂျယ်ယွန်းကသာနှုတ်ဆက်ပြီး
"အိမ်ရောက်ရင် မက်ဆေ့ခ်ျပို့လိုက်မယ်"
အသိအမှတ်ပြုသလို ခေါင်းငြိမ့်တဲ့ဆောင်ဟွန်းကကားပေါ်ကဆင်းလိုက်သည်။နောက်ကြည့်မှန်ကနေ ထွက်ရတော့မလားအကဲခတ်တဲ့ဦးလေးကြီးကိုတော့ ဂျယ်ယွန်းလောလောဆယ်အာရုံမရှိ။ပြတင်းပေါက်နားကိုအသာရွေ့ထိုင်ကာ ကြင်သူအိမ်ထဲသေချာဝင်သွားသည်အထိစောင့်ဦးမည်ဆိုပြီးငြိမ်ကြည့်နေလျှင်တော့ ကျောပြင်ပိုင်ရှင်မှာလည်းလှည့်ကြည့်ရာကနေကားနားပြန်ကပ်လာသည်။ချိတုံချတုံမျက်စံလေးတွေက သူ့ကိုအသေအချာမကြည့်ပဲဟိုဒီဆော့ကစားသေးသည်။ပန်းနုရောင်နားရွက်ဖျားတွေက ခပ်ရဲရဲဖြစ်လာခြင်းကိုလေအေးတွေကြောင့်လို့တွေးထင်မိပေမဲ့သဘောတကျလည်းဖြစ်ရသည်။ဂျယ်ယွန်း မနေနိုင်စွာသဲ့သဲ့ရယ်လိုက်ရင်း
"ဘာပြောချင်လို့လဲ"
စကားထောက်မှ ချောင်းအသာဟန့်သံထွက်လာသည်။စိတ်ရှည်ရှည်နဲ့စောင့်မျှော်ဟန်ကြည့်နေလျှင်တော့ ငယ်ငယ်ကတည်းကဘာမဆိုအရင်ဦးစွာတွ့န်ဆုတ်နေတတ်သည့်ပတ်ဆောင်ဟွန်းလေးမှာ ထိုအခါမှနှုတ်ခမ်းပါးလေးတွေပွင့်ဟလာပြီး
"မင်း...အိမ်ကိုလာလည်ချင်ရင်လည်းလာလည်လို့ရတယ်လို့ပြောမလို့"
"လာစေချင်တယ်လို့ တိုက်ရိုက်ပြောလည်းရပါတယ်"
စနောက်ခြင်းရဲ့တန်ပြန်တုန့်ပြန်မှုကတော့ အရှိုက်ထိစွာနှုတ်ခမ်းကိုက်တဲ့အမူအရာလေးသာ။တက္ကစီကားဦးလေးကြီးကို အာရုံရှိပုံရလို့ "ဝင်တော့မယ်"လို့လက်အသာခိုးပြကာ အမှန်တကယ်နှုတ်ဆက်လာတော့မှဂျယ်ယွန်းကိုယ်တိုင်လည်း ရယ်ချင်တစ်ဝက်၊ရှက်တစ်ဝက်နှင့် "သွားလို့ရပါပြီ" လို့ပြောရသည်။ကားလေးစတင်ထွက်တဲ့အထိလည်း သူဟာရသလောက်ခေါင်းနောက်လှည့်ကာ ခြံထဲဝင်သွားတဲ့ပုံရိပ်ကို သေးသေးလေးအဖြစ်ပျောက်ကွယ်သွားတဲ့အထိကြည့်သေးသည်။
![](https://img.wattpad.com/cover/325703733-288-k81839.jpg)
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.