Pᴀʀᴛ 21

352 42 23
                                    

မီးပွိုင့်နီနီကိုရပ်စောင့်နေတဲ့ကားနက်လေးအတွင်းမှာ ဖုန်းခေါ်လို့စောင့်ဆိုင်းသံ တတီတီမြည်နေသည်။ဖုန်းကိုနားကြားကပ်ကာ အနီရောင်မီးလေးကိုငေးကြည့်နေတဲ့မျက်ဝန်းတွေဟာခပ်ချီချီ။မကိုင်မချင်းမြည်နေတဲ့တတီတီသံမဆုံးမချင်း စတီရာတိုင်ပေါ်ကလက်ညှိုးလေးမှာလည်းတတောက်တောက်ဖြင့်စီးချက်လိုက်နေဆဲ...။နောက်ဆုံးစိတ်မရှည်စွာ နားကြားထဲကယူလိုက်မှ

"ဟယ်လို ဂျိတ်ခ်"

ဆိုတဲ့မီရယ့်ရဲ့အလောတကြီးအသံလေးထွက်လာသည်။တဆက်တည်းတိုက်တိုက်ဆိုင်ဆိုင်စိမ်းသွားတဲ့မီးပွိုင့်ကြောင့်ဂျယ်ယွန်း 'ကျွတ်' သတ်ကာစပီကာဖွင့်ပြီး‌ဘေးခုံပေါ်ပစ်တင်လိုက်သည်။စတီရာတိုင်ကိုလှည့်တဲ့လက်တွေဟာဂရုတစိုက်ရှိသည့်နည်းတူ ကားလမ်းပေါ်သေချာကြည့်နေလျှင် ဖုန်းတဖက်မှမီရယ်က

"ဆောရီး ငါရေချိုးခန်းဝင်နေလို့"

"အင်း နင်ငါ့ကိုဖုန်းတွေခေါ်ထားတာလား"

"ဟုတ်တယ်၊အန်တီရယ်လေ၊နင့်ကိုဖုန်းခေါ်တာမကိုင်လို့ငါ့ကိုပါဆက်ခိုင်းပြီးအကူအညီတောင်းလာတာနဲ့၊ညက အိမ်ပြန်မအိပ်လို့ဆို၊ဘာလဲ အန်တီနဲ့စိတ်ကောက်လို့လား၊ဪ ပြီးတော့ကိုင်ရင်လည်းချော့ပြောပြီးအိမ်ပြန်လာဖို့ပြောခိုင်းသေးတယ်"

"မဟုတ်လည်း အခုပြန်နေတာ"

"ဒါဆို လမ်းမှာလား၊အဲ့တာဆို ငါ့ကိုဝင်ခေါ်ဦး"

"ဘာလို့လဲ"

ဂျယ်ယွန်းဇဝေဇဝါဖြင့်လှမ်းမေးလိုက်သည်။ကိုရီးယားကိုအလည်ပြန်လာကတည်းက တစ်နေ့တစ်နေ့လျှောက်လည်နေတဲ့အနှီမလေးဟာ ခုတလောမှအိမ်ကိုပဲအလာစိပ်နေသည်။သေချာပေါက် မေမေ့ပယောဂလည်းကင်းမည်မထင်။

"ဟိုတယ်ကနင်တို့အိမ်‌နဲ့လည်းမဝေးဘူး၊လမ်းသင့်နေတာပဲဟာ၊ဟဲ့ အန်တီကထမင်းစားခေါ်လို့နော်၊ဝင်မခေါ်ဘူးဆို နင်ကမခေါ်ချင်ဘူးလို့လှမ်းပြောလိုက်မယ်"

"ကောင်းပြီ ဆယ့်ငါးမိနစ်လောက်‌ဆိုရောက်မယ်၊နင် ပြင်ဆင်လို့ပြီးမလား၊မဟုတ်ရင်တော့ ငါလည်းမတတ်နိုင်ဘူး"

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now