တံခါးပိတ်သံအပြီးမှာ ကုတင်ပေါ်ပစ်တက်လိုက်တဲ့ 'ဘုန်း'ခနဲ။တစ်ဝက်နီးပါးပွင့်ဟနေတဲ့ ရှပ်အင်္ကျီဖြူဖြူနဲ့အတူ သက်ပြင်းကျယ်ကျယ်တစ်ချက်ချလိုက်မိတော့....။ဒါတောင်မှနားထဲမှာတဝီဝီလည်ကာကြားယောင်နေတဲ့အသံဟာ ပဲ့တင်ထပ်နေဆဲ။
"ဆောင်ဟွန်း"
"ဆောင်ဟွန်း"
ဆောင်ဟွန်း ဆောင်ဟွန်း....
အတွေးနဲ့တင် ပြန်ကြားယောင်လာတဲ့အခါဆောင်ဟွန်းခေါင်းကိုရမ်းခါပစ်လိုက်သည်။ကျောင်းမှာရှိတဲ့တစ်လျှောက်လုံးဖြတ်သွား၍တစ်မျိုး၊ဘေးနားရောက်လာ၍တစ်မျိုး ကြားရတဲ့သူ့နာမည်ခေါ်ဆိုသံဟာ ရှင်းမ်ဂျယ်ယွန်းဆီကလွဲတခြားမရှိ...။
ဒိုဆော့ဆိုတဲ့သူငယ်ချင်းနဲ့ရန်ဖြစ်ပြီးတာကစပြီး သူ့ကိုပေါ်ပေါ်တင်တင်ခေါ်ပြောလာတဲ့လူဟာဘယ်အချိန်ကတည်းကအခွင့်အရေးကိုစောင့်နေခဲ့သည်လဲမသိ။နေ့လည်စာစားချိန် သူတို့စားပွဲဝိုင်းဆီထိရောက်လာတဲ့အခါ ဂျွန်ဟျော့ကပါသူ့ကို ခပ်တိုးတိုးမေးလာတော့၏။
"ဘယ်တုန်းကရင်းနှီးသွားတာလဲ...ငါတောင်မသိရပါလား"
"ဒီတိုင်းပါပဲ မတော်တဆ"
ဆောင်ဟွန်း အီလည်လည်သာဖြေနိုင်သည်။ဒါပေမဲ့ သူ့အနေနှင့်ရှင်းမ်ဂျယ်ယွန်းကိုခါးခါးသီးသီးဖြစ်နေစရာအကြောင်းတော့ရှိမနေပါ...။ဒီတိုင်း သူ့ကိုဒီလောက်ခင်မင်ချင်နေတဲ့ထိသူဟာဘာတွေအဲ့လောက်စိတ်ဝင်စားစရာကောင်းနေရသလဲကိုဘေးဖယ်ထားမည်ဆိုလျှင်ပေါ့....။
သူငယ်ချင်းတစ်ယောက်တော့ ရုတ်တရက်ကောက်ရလိုက်သည်မှတ်ရမည်။
ခဏလောက်အနားယူပြီးလှဲနေပြီးတာနဲ့ရေမိုးချိုးဖို့လုပ်ရသည်။ရေအေးအေးနဲ့ခပ်မြန်မြန်ချိုးပစ်လိုက်တော့ လူကပေါ့ပေါ့ပါးပါး။အင်္ကျီလဲဘာညာလုပ်ပြီးတဲ့အခါ ကျူရှင်သွားရတော့မှာမို့ပြန်ပြီးအလောသုံးဆယ်...။တကယ်က အရှေ့မှာတစ်ချိန်ရှိပေမဲ့တမင်တကာ ဒီနေ့အိမ်ခဏပြန်လာလိုက်တာပင်။
အင်္ဂလိပ်စာကတော့မဖြစ်မနေသွားမှဖြစ်မှာမို့ နည်းနည်းလေးတောင်လွတ်လို့မဖြစ်။ရေခဲသေတ္တာထဲကပေါင်မုန့်နှစ်ချပ်ကို ဒီတိုင်းပါးစပ်ထဲထိုးထည့်လိုက်ပြီးတာနဲ့ခပ်မြန်မြန်ထွက်လာခဲ့လိုက်သည်။
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.