"ပြန်ရောက်ပါပြီ"
အိမ်ထဲဝင်ပြီးအသံပြုကာဆောင်ဟွန်းဝင်လာလျှင်လှမ်းကြည့်လာတဲ့မေမေက အပြုံးလေးဖြင့်ဆီးပွေ့နှုတ်ဆက်သည်။တီဗီရှေ့မှာအဝတ်ခေါက်နေတဲ့မေမေ့နား ဆောင်ဟွန်းမလုံမလဲနဲ့လျှောက်သွားလိုက်ပြီးဟိုဒီဝေ့ကြည့်လိုက်ကာ
"ရယ်ဂျီရော မေမေ"
"သူ့အခန်းထဲမယ်အိမ်စာရေးနေတယ်၊ဒါနဲ့ လက်ထဲကဘာထုပ်ကြီးတုန်းသားရဲ့"
မသိမကာ နောက်ရို့ကွယ်ကိုင်ထားခါမှ မေမေကတော့မြင်ဖြစ်အောင်ကိုမြင်သည်။ဒါပေမဲ့အထုပ်ကပုံမှန်ထက်ကြီးတာမို့သတိမထားမိတာကမှထူးဆန်းဦးမည်။အခုတော့ခိုးကြောင်ခိုးဝှက်လုပ်လို့မရတော့...။ဘာပဲဖြစ်ဖြစ်အခုမသိတောင် နောက်မနက်ဆိုသိမည်သာ။
ဆောင်ဟွန်း အထုပ်ကိုမြှောက်ကာဘာထွေထွေထူးထူးဘာမှမဟုတ်သလိုနှင့်
"ရယ်ဂျီ့အတွက်လက်ဆောင်ဝယ်လာတာ"
"လက်ဆောင်?၊မဝယ်ပေးစေချင်လို့မဟုတ်ပေမဲ့ သားပိုက်ဆံကုန်တာပေါ့ကွယ်၊မွေးနေ့မဟုတ် ဘာမဟုတ်နဲ့၊ပြပါဦးဘာလဲ အထုပ်ကကြီးသား"
"မကုန်ပါဘူး မေမေရဲ့၊ဒါလည်း မွေးနေ့လက်ဆောင်ကြိုပေးတဲ့သဘောပါပဲ၊ဒါထက် သူ့ကိုအရင်သွားပြလိုက်ဦးမယ်၊နော်"
သဘောရိုးနဲ့မေမေကတော့ပြောပေမဲ့ ဆောင်ဟွန်းကလက်ဆောင်လေးကိုရယ်ဂျီ့အားစိတ်ပျော်ပျော်နဲ့သာပေးချင်သည်။'ဂျက်'မချထားတဲ့တံခါးလေးဆီလျှောက်သွားလိုက်ပြီးဝင်ရင်တော့ စာရေးခုံမှာကျကျနနစာလုပ်နေပါတဲ့အနှီမလေးက 'ဇက်'ခနဲသူ့ကိုလှည့်ကြည့်လာ၏။ဆောင်ဟွန်း ပြုံးကာလက်ထဲကအထုပ်ကိုမြှောက်ပြလိုက်တာနဲ့ ရယ်ဂျီ့မျက်လုံးလေးတွေမှာဝိုင်းစက်သွားသည်။ချက်ချင်းတုံ့ပြန်တဲ့အကိုဖြစ်သူနဲ့ဆင်တူတူအပြုံးလေးအပြင် ပါးလေးတွေပါမို့တက်သွားပြီး ထိုင်ခုံမှထလာကာအထုပ်ကိုပြေးယူတော့သည်။
"ရေးးး ကိုကိုတကယ်ဝယ်လာပေးတယ်"
"ကတိပေးပြီးသားလေ၊ကိုကိုက ကတိမတည်တတ်တဲ့လူမှမဟုတ်တာ"
"ကိုကို အကောင်းဆုံး"
"ကြည့်ကြည့်ဦး"
နေရာမှာတင်ထိုင်ချပြီးလွယ်အိတ်ကလေးကိုဆွဲထုတ်စူးစမ်းနေတဲ့ခေါင်းလေးကိုဆောင်ဟွန်းမနေနိုင်စွာဆွဲဖွလိုက်ပေမဲ့အနှီမလေးမှာသူ့ကိုအာရုံမရှိတော့။ခပ်ရှည်ရှည်ခြေတံတစ်ဖက်ကိုညီမဖြစ်သူနားထောက်လိုက်ပြီး မျက်လုံးတွေကတော့ရယ်ဂျီသဘောကျရဲ့လားအကဲခတ်ရသည်။
![](https://img.wattpad.com/cover/325703733-288-k81839.jpg)
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.