ဟိုဘက်လှိမ့်၊ဒီဘက်လှိမ့်ကနေ တရေးနိုးရခြင်းမှာဖြစ်ခဲလှသည်။လရောင်တောင်မရှိတဲ့မှောင်အတိအပြင်ဘက်နဲ့ဗလာနတ္တိအသံအရယခုမှာညလယ်သန်းခေါင်အချိန်။သို့သော်ထထိုင်လိုက်မိတာကထင့်ခနဲဖြစ်တဲ့ အလိုအလျောက်သိစိတ်များလား...။
တံခါးဖွင့်ပြီးအခန်းထဲမှထွက်လာလိုက်လျှင်လည်း အိမ်တစ်ခုလုံးမှောင်အတိ။တိုးညှင်းလွန်းတဲ့ရှိုက်သံတအီအီကိုသာ မကြားမိရင်သူအခန်းထဲပဲပြန်ဝင်ခဲ့မိလိမ့်မည်။အသံလာရာမီးဖိုချောင်ဟာ အလင်းရောင်မရှိမှောင်မဲနေပေမဲ့လည်းဘယ်သူလဲဆိုတာသူခန့်မှန်းနေစရာမလို။ချိတုံချတုံနဲ့ဖွင့်လိုက်မိတဲ့မီးခလုတ်လေးနောက်မှာတော့ စားပွဲဝိုင်းမှာထိုင်နေတဲ့ပုံရိပ်တစ်ခု ပြတ်ပြတ်သားသားပေါ်လာ၏။မြင်လိုက်ရတဲ့မြင်ကွင်းမှာကြိုမြင်ယောင်သိနေခဲ့ပေမဲ့လည်း နှုတ်ခမ်းဖွဖွကိုက်မိတာကမခံမရပ်နိုင်စွာပဲ။
"..........."
အနားမှာငြိမ်ရပ်ကြည့်နေတဲ့သူ့ကိုမေမေဟာ ဘယ်သူမှရှိမနေသလိုမျိုး...။ပိုပြီးရှိုက်ကြီးတငင် အသံမထွက်အောင်ငိုနေတာကလွဲလျှင် သူသည်လည်းတစ်နေရာထဲမှာပဲပေရပ်နေမိ၏။ယူမကြည့်သော်လည်းသိနေတဲ့ ထမင်းစားပွဲပေါ်မှထိုစာရွက်ဖြူကလေး...။
ပွေ့ဖက်ပြီးပဲနှစ်သိမ့်ပေးရမှာလား...
အဆင်ပြေပါတယ်ဆိုပြီးအားပေးပေးရမှာလား...
သို့လောသို့လောအတွေးတွေနောက်မှာ သူဘာမှမလုပ်ပေးခဲ့မိဘူး။သူငြိမ်ရပ်နေတာရောဘယ်လောက်ကြာခဲ့မလဲ...မေမေငိုတာရောဘယ်လောက်ကြာခဲ့မလဲ။မမှတ်မိပါ...။
ထို့အတူနောက်တစ်နေ့နံနက်မှာမနက်စာပြင်ပေးနေကျမေမေဟာ အခန်းထဲကထွက်မလာခဲ့ဘူး။မကြာခင်ရင်ဆိုင်ရမယ်ဆိုတာသိနေလောက်ပေမဲ့လည်း တကယ်တမ်းကြုံတွေ့ရတဲ့အခါထင်ထားသလောက်ဘယ်လွယ်ကူပါ့မလဲ...။ကွာရှင်းစာချုပ်ဆိုတာစာရွက်ကလေးတစ်ခုသာဖြစ်ပေမဲ့လည်း အဲ့စာရွက်ကလေးကပဲဆက်ဆံရေးတွေကိုအဆုံးတိုင်ပြတ်စဲစေတာမဟုတ်လား။
အချစ်ဆိုတာအရာဟာ တကယ်ရှိပါ့မလား။အချစ်ဆိုတာပြောင်းလဲတတ်သလား...။အတွေးနဲ့တင် အချစ်ဆိုတဲ့ထိုအရာကိုသူကြောက်သည်။အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်တဲ့၊မေမေ့မျက်နှာလေးကိုဖွဖွနမ်းတတ်တဲ့ သူ့ငယ်စဉ်မှတ်ဉာဏ်ထဲကဖေဖေဟာ ဘယ်အချိန်၊ဘာကစပြီးဒီလိုပြောင်းလဲသွားရသလဲ...။
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.