Pᴀʀᴛ 8

594 68 13
                                    

တချို့အကြောင်းအရာတွေဟာမသိ၊မမြင်၊မဖြစ်ဖူးရင် အကောင်းဆုံးပဲတဲ့...။ဟုတ်လောက်မည်။မနေ့တနေ့ကထိအတွေးအပိုတွေမရှိခဲ့တဲ့သူဟာ အခုတော့ပုံမှန်မဟုတ်တဲ့ကိုယ့်ခံစားချက်ကိုယ်ရိပ်မိခြင်းအောက်မှာဝပ်ဝပ်တွားတွားခံစားနေရပြီ။

ပထမဆုံးကတော့ မဖြစ်နိုင်...မဖြစ်သင့်ဆိုတဲ့ကိုယ့်ကိုယ်ကိုယ်ငြင်းဆန်ခြင်းနောက်မှာလက်မခံချင်တဲ့ကပ်ပါလာသည့်ခေါင်းမာမှု‌လေး...။သူ့ကိုယ်သူတောင်မသေချာတဲ့ကြောင်တောင်တောင်ခံစားချက်‌တွေကြောင့်နဲ့ဆက်ဆံရေးတစ်ခုပျက်စီးသွားမှာ ကြောက်သည်။အဲ့လိုပဲဆင်‌ခြေပေးမိသည်။

လူမှုရေးဆရာမ မဝင်သေးတဲ့အခွင့်အရေးကိုအပြည့်အဝအသုံးချပြီးနေရာမှာမရှိ၊စကားပြောဆူညံနေကြတဲ့အတန်းဖော်တွေနဲ့အလိုတူအလိုပါ သူသည်လည်းလက်မောင်းချခေါင်းအုံးကာ ငိုင်ငေးနေမိ၏။
တဆက်တည်းရလဒ်ကတော့မလှမ်းမကမ်းထောင့်နားမှာထိုင်တဲ့အတန်းဖော်ကောင်မလေးနှင့်အကြည့်ချင်းဆုံမိခြင်း...။ကြောင်အအလေးဖြစ်သွားတဲ့သူမကပြုံးပြမလိုဘာမလိုကနေ ရှက်သွားသလားမ‌ပြောတတ်။ဘာမှမဖြစ်သလိုနှင့်သူငယ်ချင်းဖြစ်သူဘက်ပြန်လှည့်သွား၏။

သူသိသလောက်ဆိုလျှင်သူမနာမည်ဟာဆိုယွန်း...။စကားတစ်ခွန်းတစ်လေလောက်ပြောဖူးသလိုရှိပေမဲ့ သေချာအတိအကျတော့မမှတ်မိရပါ။

ကျောလယ်လောက်ရှိတဲ့ဆံနွယ်နက်နက်တွေနဲ့အတူ အသားဖွေးဖွေးနဲ့ထိုကောင်မလေးဟာပါးချိုင့်လေးတစ်ဖက်လည်းပါသည်။မလိမ်ညာစတမ်းပြောရရင်အ‌တော်လှပါ၏။အတွေးနဲ့အတူဂျယ်ယွန်းလူတစ်ယောက်ပုံရိပ်ကိုလည်းမြင်ယောင်ပြန်တော့...။

အင်း...မှဲ့နက်ကလေးတွေပါလျှင်ပိုလှမည်ထင်သည်။

"ဟိုတစ်ယောက် မျက်လုံးလဲကျွတ်ထွက်ကြလာဦးမယ်၊ငါ့သူငယ်ချင်းကို အဲ့လောက်ကြည့်မနေနဲ့"

ခပ်ကျယ်ကျယ်နဲ့ရန်စွာလာတဲ့အသံကြောင့်ကြည့်မိလိုက်တော့ ဆိုယွန်းသူငယ်ချင်းကောင်မလေးကသူ့ကိုမျက်စောင်းခဲနေသည်။ဂျယ်ယွန်းရုတ်တရက်မို့ မလုံမလဲဖြစ်သွားပေမဲ့ကိုယ်မဟုတ်သလိုမသိချင်ယောင်ဆောင်အကြည့်လွှဲမိတော့

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now