"ရှင်းမ်ဂျယ်ယွန်း?"
အသံတိုးတိုးဟာ အံ့ဩခြင်းအစိုင်အခဲတို့ကပ်ပါသည်။ထို့နောက်သူ့နာမည်ကိုသိနေခြင်းကားကြောင်အသွားချိန်တောင်မရပါပဲ စိတ်ရှုပ်ထွေးဟန်အကြည့်များ၏ပစ်လွှတ်ခြင်းကိုခံရ၏။
"ဘာလို့မင်းလဲ"
စိတ်ပူတယ်ဆိုတဲ့ခံစားချက်တို့ခဏတာလွင့်ပျယ်သွားလောက်အောင်ပဲရရှိလာတဲ့မေးခွန်းဟာအဆုံးအစမရှိ။ထို့အတူ သူ့တွင်လည်းအဖြေရှိမနေ။ကျေးဇူးတင်ခံရမယ့်အစားမကြည်မလင်မျက်ဝန်းတွေနဲ့ဆက်ဆံခံရတော့ အနည်းငယ်စိတ်ထဲတစ်မျိုးမဖြစ်ဘူးဆိုလျှင်လိမ်ရာကျလိမ့်မည်။
ဆိုလိုချင်တာက ကူညီတဲ့လူကသူမဖြစ်ရဘူးလား...
"ငါကဘာဖြစ်လို့လဲ"
ခပ်တည်တည်မေးမိတဲ့မေးခွန်းနောက်မှာတော့စူးရှရှအကြည့်ဖြင့်သာ ထပ်မံထိုးစိုက်ခံလိုက်ရတာမို့ဂျယ်ယွန်းနှုတ်ခမ်းတွန့်မိသည်။သူ့အရှေ့မှအမျိုးသားကောင်းလေးဟာဘာတွေများဒီလောက်မကျေမနပ်ဖြစ်နေရသလဲ...။
"မင်းက...."
"မင်းကငါ့ကိုကူညီစရာအကြောင်းမှရှိမနေတာ"
လေသံခပ်မာမာနှင့်ရေသေလိုမျက်ဝန်းတွေသည် အထိုးခံထားရတဲ့မျက်နှာလေးနဲ့မှမလိုက်ဖက်လှ။သက်ပြင်းတစ်ချက်ခပ်တိုးတိုးထုတ်မိခြင်းမှာ သူ့အရှေ့ကလူပြောသည့်အချက်မှာလည်းမှန်ကန်၏။ဟုတ်သည် အကြောင်းအရင်းရှိမနေ။
ပြောရရင်ပတ်ဆောင်ဟွန်းဘက်ကကြည့်မယ်ဆိုလျှင် သူ,ရှင်းမ်ဂျယ်ယွန်းမှာဘားရှေ့တွင်အပြန်အလှန်ထိုးကြိတ်ရန်ဖြစ်ဖူးသည့်လူတစ်ယောက်၊ပြီးလျှင်အကြောင်းမရှိလူကိုအခန်းရှေ့လာမဲတဲ့ဘဝင်လေဟပ်နေတဲ့ကောင်ရဲ့သူငယ်ချင်းတစ်ယောက်။ထိုသို့ပဲသတ်မှတ်ထားလိမ့်မည်။သူဆိုလည်း ပတ်ဆောင်ဟွန်းနေရာမှာဆိုနည်းနည်းစိတ်ထဲမတင်မကျဖြစ်နေလိမ့်မှာအမှန်ပင်။
ဒါပေမဲ့ အဲ့ဒါနဲ့ပဲသူကမကူညီရဘူးဆိုတာဟုတ်မှမဟုတ်သေးတာ...
"မင်းကိုကူညီတာငါဆိုတာကိုပိုပြီးစိတ်ဝင်စားနေမှာထက် ကိုယ့်ကိုယ်ကိုအရင်စိတ်ပူပါဦးလား၊ဗိုက်ကအရမ်းနာနေလား၊ဆေးရုံသွားမလား၊ဒီမှာခဏစောင့်နေ၊မင်းရဲ့စက်ဘီးသွားယူဦးမယ်"
![](https://img.wattpad.com/cover/325703733-288-k81839.jpg)
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.