Pᴀʀᴛ 20

366 46 23
                                    

ခြေချလိုက်တဲ့ဧည့်ခန်းလေးဟာ ရယ်ဂျီတစ်လုံးချင်းလိုက်ဖွင့်တဲ့မီးရောင်အကူအညီဖြင့်လင်းကျင်းသွားသည်။အိမ်တစ်ခုလုံးရဲ့အငွေ့အသက်ဟာ သူ့ကိုလွှမ်းခြုံလိုက်သည်နှင့်လေးလံသွားတဲ့နှလုံးအိမ်မှာ လွမ်းဆွတ်ရခြင်းလား၊ကြည်နူးနွေးထွေးခြင်းလားဆိုတာတော့ ဂျယ်ယွန်းဝေခွဲမရချေ။မဟုတ်လည်းခံစားချက်အားလုံးရောယှက်နေသည်ထင်မိသည်။

မြင်လွှာချမိတဲ့နေရာတိုင်းဟာအမှတ်တရတွေစွန်းထင်းနေသည်။အသားညှပ်ပေါင်မုန့်အတူတူစားတဲ့မနက်ခင်းနွေးနွေး။မျက်ရည်တွေကိုထွေးပွေ့ဖူးတဲ့ပြာရီတဲ့ညရယ်။အိပ်မှုန်စုန်ဖွားနှင့်ကြင်သူကိုစိတ်ဆိုးအောင် ဆွဲခေါ်လာဖူးတဲ့ဧည့်ခန်းတစ်လျှောက်ခြေရာတွေရော။ပြီး‌တော့‌ သွေးမျက်ရည်ဝေလို့သူကိုယ်တိုင်ကျောခိုင်းလာခဲ့ဖူးတဲ့အခန်းတံခါးလေးရောပေါ့။ပိတ်ကားပေါ်မှာပြတဲ့ဇာတ်ဝင်ခန်းတွေလိုအစီအရီပေါ်လာတော့လည်း သိပ်များတဲ့ချစ်စရာ၊ပြီး‌တော့နာကျင်ရင်းတသိမ့်သိမ့်ဖြစ်စရာအခိုက်အတန့်တွေပါပဲလား။

"ဂျယ်ယွန်း၊ဘာဖြစ်လို့လဲ"

တံခါးဝင်လျှောက်လမ်းနားမှာငြိမ်ရပ်နေသေးတဲ့သူ့ကို လှည့်ကြည့်ကာအကဲခတ်လာတဲ့ဆောင်ဟွန်းကြောင့်မှ ဂျယ်ယွန်းအတိတ်ဆီလူးလွင့်နေရာကနေအသိစိတ်ကပ်သွားသည်။နောက်ပြီး ခုမှသတိထားမိတဲ့ကိုယ့်နှုတ်ခမ်းပေါ်မှကိုယ့်အပြုံးစသေးသေးကိုရော။ဂျယ်ယွန်း အသာခေါင်းခါလိုက်သည်နှင့်

"ဝါးး ရာသီဥတုအေးလို့လားမသိဘူး၊ဗိုက်တွေခဏခဏကိုဆာနေတာပဲ၊ကိုကိုတို့ရော ညစာမစားရသေးဘူးမလား၊အတူစားကြမယ်လေ"

အစားအသောက်ခေါင်းစဉ်နှင့်မျက်လုံးလေးတွေတလက်လက်ဖြစ်နေတဲ့ရယ်ဂျီကသူမအခန်းထဲကနေ အဝတ်အစားလဲကာထွက်လာသည်။မီးဖိုချောင်ဆီပြေးလို့ရေခဲသေတ္တာထဲ ခေါင်းစိုက်စူးစမ်းနေပြီးလျှင်နှုတ်ခမ်းစူကာပြန်လှည့်လာပြီး

"ကိုကို ဒီနေ့ဘာမှမချက်ဖြစ်ဘူးလား၊အာ ဟုတ်သားပဲ မနက်ကမှပြန်လာတာကို၊ဒါနဲ့ အဲ့တာကို ‌မနေ့ကညဂျူတီရှိမှန်းလည်းမပြောဘူးရယ်ဂျီ့ကို"

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now