Pᴀʀᴛ 24 (end)

458 51 20
                                    

မျက်နှာပေါ်ကရေစတွေကို သပတ်ဖြူဖြူနဲ့ပွတ်သုတ်လိုက်ပြီးတာနဲ့ဆောင်ဟွန်းမှန်ထဲကိုစိုက်ကြည့်လိုက်သည်။အိပ်မက်ရှည်ကြီးမက်အောင်ပင် အိပ်ပျော်သွားခဲ့ပေမဲ့ သူ့မျက်နှာဟာအားအင်မရှိ။မျက်ဝန်းတွေကပါညှိုးဖျော့အရောင်မှိန်နေတာကို ကိုယ်တိုင်သတိထားမိလျှင်သက်ပြင်းတစ်ချက်ချလိုက်မိသည်။

အပေါ်အင်္ကျီလဲကာအခန်းထဲကထွက်လာလျှင်တော့ ဧည့်ခန်းဆိုဖာမှာထိုင်စောင့်နေတဲ့ အရိပ်ကိုမြင်ရသည်။ထိုနေ့ညကအယိုယိုအယွင်းယွင်းပြေးထွက်လာမိတဲ့သူ့ကိုယ်သူပြန်မြင်ယောင်တဲ့အခါ မျက်ဝန်းခြင်းရဲရဲမဆုံရဲ။အ‌ကြောင်းစုံကိုသိရင်လည်းသိပြီး‌ လောက်ရောပေါ့...။ကြည်လင်စွာပြုံးပြလာတဲ့မီရယ့်မျက်နှာချင်းဆိုင်ဆိုဖာမှာ ဆောင်ဟွန်းမချင့်မရဲဖြင့်ဝင်ထိုင်လိုက်သည်။

"မမ အအေးလေးသောက်ပါဦး"

"အာ ကျေးဇူးတင်ပါတယ်နော်"

အအေးခွက်လေးကိုကိုင်လာတဲ့ရယ်ဂျီဟာ မီးဖိုခန်းထဲကထွက်လာပြီးအရှေ့မှာချပေးလာသည်။ဘာဆက်လုပ်ရမလဲမသိစွာ အနားမှာရပ်နေဆဲကနေမီရယ့်ကိုတစ်ချက်ခိုးကြည့်ပြီး ဆောင်ဟွန်းကိုမေးခွန်းပြုသလိုမျက်ခုံးတွ့န်ကာမျက်နှာရိပ်မျက်နှာကဲပြလာ၏။

"မမက ဂျယ်ယွန်းသူငယ်ချင်းပါ"

ဒါကိုသတိထားမိတဲ့မီရယ်ကသာ ပြုံးမြဲဖြင့်ရယ်ဂျီ့ကိုမော့ကြည့်ကာပြောသည်။မိတ်ဆက်ပေးဖို့ပြင်နေတဲ့ ဆောင်ဟွန်းမှာ အရှိန်သတ်လိုက်ရသည်။'သူငယ်ချင်း' လို့ဆိုပါလျက်နှင့်လည်း သူ့တစ်ကိုယ်လုံးကိုထုံကျဉ်စေ၏။တဆက်တည်းနာကျင်အောင်ဆိုရက်တဲ့ တစ်ယောက်သောသူရဲ့စကားတွေကိုလည်းပြန်ကြားယောင်လာသည်။ဒါကို သူဟာမလိုမုန်းထားမဖြစ်တောင်စိတ်ကွက်မိလျှင် မီရယ့်ကိုအားနာမိသည်။တကယ်ဆိုမဆိုင်ပါဘူး...။ဘယ်သူ့အမှားမှလည်းမဟုတ်ပါဘူး။

"ညီမလေးက ဆောင်ဟွန်းရှီရဲ့ညီမထင်တယ်၊ချစ်စရာလေး"

"ဟို မမလည်းအရမ်းလှတယ်"

ရယ်ဂျီကရှက်ရို့ရို့နှင့်သွား‌လေးစိကာဆိုတဲ့အခါ မီရယ်မှာအတိုင်းသားသဘောကျနေကာရယ်‌နေသည်။ငြိမ်ချက်ကောင်းဆဲဆောင်ဟွန်းကို‌တော့ညီမဖြစ်သူဟာအကဲခတ်မိပုံရသည်။

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now