စားပွဲပေါ်တံတောင်ဖြင့်မေးထောက်ရင်းပျင်းရိပျင်းတွဲလိုက်ဖတ်နေတဲ့စာအုပ်ဆီ အာရုံအလုံးစုံမရှိ။နေ့လည်စာစားချိန်ရောက်ဖို့ဆယ့်ငါးမိနစ်ကျော်လောက်လိုသေးတာကိုသိပေမဲ့ အငြိမ်မနေနိုင်တဲ့မျက်လုံးတွေဟာတစ်စက္ကန့်ခြားတစ်ခါမြင်နေရတဲ့နံရံကပ်နာရီဆီကိုသာတဝဲလည်လည်...။
ဘယ်လောက်တောင်မှထိုသို့အာရုံကပ်မနေမှန်းသူကိုယ်တိုင်တောင်သတိမထားမိရပါ။မကြာ...စာဖတ်ပြနေတာရုတ်တရက်ရပ်သွားတဲ့ဆရာမနဲ့အတူ အကြည့်စူးစူးတစ်ခုကိုခံစားလိုက်ရမှ
"ဘယ်ကောင်မလေးနဲ့ချိန်းထားတာရှိလို့ နာရီကိုပဲခဏခဏလှမ်းကြည့်နေရတာလဲပြောပါဦး"
"........"
ခါးထောက်ပြီးမှင်သေသေမေးလာတဲ့ဆရာမစကားကြောင့်အတန်းထဲကတခြားသူတွေပါသူ့ဘက်လှည့်ကြည့်လာတော့မှ ဂျယ်ယွန်းမျက်ဝန်းအဝိုင်းသားနဲ့ကြောင်သွားရသည်။ရုတ်တရက်မို့အယောင်ယောင်နဲ့ ဘေးဘီဝေ့ဝဲကြည့်မိလျှင်
"မင်းကိုပြောနေတာ၊ရှင်းမ်ဂျယ်ယွန်း...၊ဘယ်သူ့ပြောတယ်ထင်လို့သူများတွေကိုလိုက်ကြည့်နေတာလဲ"
"အာ မဟုတ်ပါဘူး"
ဂျယ်ယွန်း မထုံတထေးနဲ့ခေါင်းခါမိသည်။တကယ်နာရီကိုခဏခဏကြည့်နေမိပေမဲ့ ကောင်မလေးနဲ့ချိန်းထားတာတော့မဟုတ်ရပါဘူး....။
"စာကိုသေချာအာရုံစိုက်စမ်း၊မဟုတ်ရင်နောက်ကျမှလွှတ်ပေးလိုက်မယ်"
"........."
ခပ်ရို့ရို့ခေါင်းငြိမ့်ကာစာအုပ်ကိုပဲငုံ့ပြီးပေကြည့်နေလိုက်မှ စပ်စပ်စုစုလာလှည့်ကြည့်နေကြတဲ့တခြားကျောင်းသားတွေရဲ့ခေါင်းတွေပါရှေ့သို့ပြန်လှည့်သွားကြသည်။ဆရာမပါ စာကိုပြန်ရှင်းပြနေတဲ့အထိအသာကြည့်နေသေးတဲ့ခေါင်းတစ်ခုကိုမျက်လုံးထောင့်မှမြင်နေရတာကိုတော့လျစ်လျူရှုမိ၏။
ရန်ဖြစ်ပြီးတဲ့အခါ နေရာပြောင်းသွားတဲ့ဒိုဆော့နဲ့သူ့ရဲ့ဆက်ဆံရေးဟာ ရန်ဖြစ်ထားတဲ့သူငယ်ချင်းတွေဆိုတာထက်ဘာဆိုဘာမှမရှိတော့...။ရင်းနှီးပြီးမှစိမ်းသွားတဲ့လူတွေဟာ သူစိမ်းတွေထက်ပိုစိမ်းတယ်တဲ့။အမှန်ပါပဲ...။အတူသွား၊အတူစားအခြေအနေကနေ အတန်းတစ်တန်းထဲနေပြီးတစ်ခါမှမသိခဲ့သလိုဟန်ဆောင်နေကြတဲ့သူတို့နှစ်ယောက်ဟာ ရေခဲတမျှအေးစက်သွားပြီပင်။
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.