ဆောင်ဟွန်းအခန်းနံပါတ်ကိုသေချာပြန်စစ်လိုက်ပြီးလျှင် အခန်းဘဲလ်လေးကိုတစ်ချက်နှိပ်လိုက်သည်။စက္ကူဘူးလေးပိုက်ကာခဏစောင့်နေလိုက်တာနဲ့ အခန်းတံခါးဟာ"ဂျောက်"ခနဲ...။တံခါးဖွင့်လာတဲ့ဦးလေးကြီးကို ဆောင်ဟွန်းပြုံးပြလိုက်ပြီး
"အမြန်ချောပို့ကပါခင်ဗျ"
"ဪ၊ဟုတ်ပြီ လူလေး၊ကျေးဇူးတင်ပါတယ်"
"ဟုတ်ကဲ့၊တစ်ချက်လောက် ဒီမှာလက်မှတ်လေးထိုးပေးပါခင်ဗျ"
စက္ကူဘူးလေးကိုလက်လွှဲပေးလိုက်ပြီး ဆောင်ဟွန်းလွယ်ထားတဲ့အိတ်ထဲကစာရင်းစာရွက်နဲ့ဘောပင်တစ်ချောင်းထုတ်ကာအိမ်ရှင်ဦးလေးကြီးအားကမ်းပေးလိုက်သည်။အတည်ပြုလက်မှတ်လေးရလျှင် နှုတ်ဆက်ကာတိုက်ခန်းပေါ်ကအလျင်အမြန်လေးဆင်းလာလိုက်၏။
ဖုန်းစခရင်ပေါ်ကအချိန်ဟာ ခုနစ်နာရီခွဲနေပြီ...။
အခုချိန်ဆိုနေရာမှာအိပ်တောင်ငိုက်နေလောက်မလားတွေးမိတဲ့အခါ အားနာတဲ့စိတ်ကလေးကြားထဲကမနေမနိုင်ပြုံးမိသေးပါ၏။ကြားရက် ပစ္စည်းလိုက်ပို့ပေးတဲ့အချိန်ပိုင်းအလုပ်အပြန်မှာတွေ့ချင်ပါတယ်လို့ဖုန်းတဂွမ်ဂွမ်ဆက်လာတဲ့လူသားကြောင့် ဆောင်ဟွန်းမှာအခုလိုအလျင်စလိုဖြစ်နေရသည်။တိုက်အောက်ရောက်တာနဲ့ ရပ်ထားတဲ့စက်ဘီးလေးပေါ်အမြန်တက်လိုက်ကာစိတ်အလျင်အတိုင်းအမြန်ရောက်အောင်နင်းရသည်။
ဆယ့်ငါးမိနစ်နီးပါးလောက်နင်းပြီး ရောက်သွားတဲ့နေရာက စားသောက်ဆိုင်တွေစည်ကားနေတဲ့လမ်းမဆီ။ညအချိန်ပီပီလူအနည်းငယ်ရှုပ်နေတာမို့ ဆောင်ဟွန်းစက်ဘီးပေါ်ကဆင်းတွန်းကာ တစ်ယောက်သူအားလူတွေကြားထဲစူးစမ်းရှာရပါတော့၏။သေချာပေါက်ကဖေးဆိုင်ထိပ်နားမှာ ဆုံမယ်လို့ပြောသွားတာ...။ခုတော့အရိပ်အယောင်မတွေ့ရ။ဆောင်ဟွန်းစိတ်မရှည်စွာနဲ့ ဘောင်းဘီအိတ်ထဲကဖုန်းကိုနှိုက်လိုက်လျှင်
"ဟိတ်!"
နားရွက်ဖျားကိုအနောက်ကလှမ်းကိုင်လာတဲ့လက်တွေရဲ့အသိဟာ မနွေးတနွေး...။ဆောင်ဟွန်းအလန့်တကြားတုန်တက်သွားရသလိုတရားခံကိုသိလိုက်ပြီမို့ မျက်မှောင်ကျုံ့ကာလှည့်ကြည့်မိလိုက်သည်။မဲ့မိတဲ့နှုတ်ခမ်းစွန်းတစ်ဖက်ကိုမြင်လျှင် ထိုသူဟာသူမဟုတ်သလိုမျိုးသဘောတကျရယ်၏။အဲ့ဒီတစ်ယောက်ဟာထင်ရင်ထင်သလို သိပ်စနောက်တတ်တာ...။
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.