မှောင်နေတယ်။မှောင်အတိပဲတဲ့...။အဆုံးမရှိတဲ့အဲ့ဒီအနက်ရောင်ဟင်းလင်းပြင်ကြီးထဲမှာသူ တစ်ယောက်တည်းယောင်ချာချာလမ်းပျောက်နေရရင်းလျှောက်လာတဲ့အခါ တဖြည်းဖြည်းပုံပေါ်လာတဲ့အရိပ်ဟာတစ်စုံတစ်ခုကိုမှီကာထိုင်လို့...။စူးစမ်းမိတဲ့သူ့ခြေလှမ်းတွေနီးကပ်သွားသော်ငြား ထိုအရိပ်သဏ္ဍာန်ဟာယခုထိသူ့မြင်လွှာထဲမှုန်ဝါးဝါး။
အိပ်မက်ဆိုတဲ့အရာဟာထူးဆန်းတယ်မဟုတ်လား။ဘယ်သူမှမပြောပြပေမဲ့ စိတ်ကအလိုလိုသိနေတဲ့ခံစားမှုလေ။ဒါကြောင့်ပုံမပျက်ဘေးတစောင်းထိုင်နေတဲ့မျက်နှာဟာမသဲမကွဲပေမဲ့ သူအတပ်ပြောနိုင်သည်။
"ဟွန်းမဟုတ်လား"
အသံပြုမိပေမဲ့တုံ့ပြန်မှုတစ်စုံတစ်ရာမရှိလာ။အနားကပ်သွားဖို့လှုပ်ရှားမိတဲ့သူ့ခြေလှမ်းတိုင်းဟာရှေ့ကိုတိုးလို့သွားပေမဲ့ အကွာအဝေးဟာပြောင်းလဲသွားခြင်းမရှိ။ထိုထိတိုင်ပုံရိပ်ဖြူမှာလည်း ထုထွင်းထားတဲ့ကျောက်ရုပ်သဖွယ်အလားငြိမ်ငြိမ်သက်သက်ထိုင်နေသည်။သို့သော်ငြားမှုန်ရီရီမျက်နှာလေးမှာ မျက်ရည်စတွေများကပ်နေသလားလို့လေ...။ဒါပေမဲ့ဒါဟာသူပြောသလိုခံစားမိရုံသက်သက်ပါပဲ။ဟွန်းငိုနေတာမဟုတ်လောက်ပါဘူး...သူဟာဆောင်ဟွန်းမျက်ရည်ကျနေတယ်ဆိုတာမျိုးကိုအိပ်မက်ထဲမှာတောင်မမြင်ချင်မိပါဘူး။
ဒါကြောင့်အဲ့ဒီအိပ်မက်ဆီက အမြန်ဆုံးထွက်ပြေးခဲ့တာပေါ့
နိုးလာတဲ့ဒီကနေ့မနက်ဟာ ခါတိုင်းထက်အများကြီးစောသည်။ကြောင်စီနေတဲ့မျက်လုံးတွေဟာ ပြန်အိပ်ဖို့မစွမ်းဆောင်နိုင်။ပေးထားတဲ့နှိုးစက်ကလေးမြည်တီးလာသည်အထိ ဂျယ်ယွန်းအိပ်ရာပေါ်မှာပဲမိနစ်ပေါင်းများစွာစိတ်လွတ်ရင်းလှဲနေမိသည်။
"ငါအရမ်းပင်ပန်းနေပြီ ဂျယ်ယွန်း"တဲ့
အဖျားခတ်တုန်ယင်တဲ့စကားတစ်ခွန်းဟာ ကြားလိုက်ရတဲ့ကားဟွန်းသံနဲ့အတူလွင့်ပါသွားသည်။'အိမ်မရောက်သေးဘူးပဲ'လို့လိမ်ညာမှုကိုစနိုးစနောင့်ဖြစ်ရမယ့်အတွေးအစား သူ့တစ်ကိုယ်လုံးလည်းလေးလံသွားတာ...။ဒါကိုဖုန်းတစ်ဖက်ကလူကတော့ချက်ချင်းသူမဟုတ်သလိုနဲ့
![](https://img.wattpad.com/cover/325703733-288-k81839.jpg)
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.