Pᴀʀᴛ 23

334 49 12
                                    

"ကျေးဇူးတင်ပါတယ် ဦးလေး"

စကားသံချိုချိုလေးနောက်မှာကားတံခါး‌ပိတ်လိုက်ပြီးတာနှင့် တက္ကစီကားလေးမှာလည်းထွက်ခွာသွားသည်။တခဏရပ်ကြည့်မိတဲ့ခြံဝန်းကျယ်ကြီးဟာ မနေ့ညကပျားပန်းခတ်လို့စကားသံတွေ၊ရယ်ရွှင်သံ‌တွေမရှိခဲ့သလိုမျိုးခြောက်ကပ်တိတ်ဆိတ်နေသည်။ဂျိတ်ခ်မေမေတယုတယပျိုးထားတဲ့ပန်းခက်ပန်းပွင့်တို့မှာလည်း ဒီမနက်မှာမရွှင်ပွင့်သလိုပင်။ညှိုးရိချင်သည်ဟုထင်သည်။

ခြံရှေ့မှာတခဏရပ်နေမိရင်း သူမစိတ်ထဲလည်းမသက်မသာ။မနေ့ညက...။ညကပေါ့။ရှိုက်တမက်မက်ဖြင့် တငိုငိုတရီရီရှိတဲ့ဂျိတ်ခ်မေမေနဲ့ကျန်ခဲ့ရင်း သူမမှာဘာအကြောင်းကစ၍စဉ်းစားရမည်လဲမသိ။အမေဖြစ်သူရှေ့ဒူးထောက်နေခဲ့တဲ့ ဂျိတ်ခ်ကိုလား။‌ဂျိတ်ခ်ပါးကိုရိုက်မိလို့စိတ်ဆင်းရဲကြီးစွာ၊ဝမ်းနည်းငိုကြွေးကာရှိပေမဲ့ ကျောခိုင်းထွက်သွားတဲ့သားကိုနာကျင်ခြင်းမစဲတဲ့အန်တီ့အကြောင်းလား။ဒါမှမဟုတ် အလောတကြီးထွက်ပြေးသွားတဲ့ဂျိတ်ခ်သူငယ်ချင်းဆိုတဲ့ ဆောင်ဟွန်းလားပေါ့။နောက်ပြီး လွှဲပြောင်းတပ်ပေးထားတဲ့ပိုင်ဆိုင်ခြင်းသင်္ကေတမည်တဲ့ နက်ကတိုင်လေးကိုလည်း သူမ,မဆီမဆိုင်တွေးမိသေးသားပဲ။

အိပ်ရာထဲမှာအမျိုးမျိုးသောစိတ်သောကနဲ့ဂျိတ်ခ်မေမေလှဲရသည့်အခါမှာလည်း သူမဘေးမှာရှိနေခဲ့သေးသည်။ဂျိတ်ခ်ဖေဖေလည်း ပါပါသည်။ "ဘာဖြစ်သလဲ" လို့မယားဖြစ်သူကိုအမေးရှိလျှင် အန်တီဟာနှုတ်ပိတ်မြဲ။နွမ်းလျတဲ့မျက်နှာဟာ သူမကိုကြောင့်ကြစွာအကဲခတ်သည့်တိုင်နောက်ဆုံးတော့လည်း သိခွင့်ရသလောက်သိခဲ့ရပါသည်။မထင်မှတ်ထားသည်မှန်ပေမဲ့ အံ့အားတော့တထစ်ချမသင့်ပါ။ဆက်စပ်သင့်သလောက်ဆက်စပ်စဉ်းစားမိတဲ့အခါမှာတော့ သူမနားလည်သင့်သလောက်နားလည်သွားသည်။ဖုံးကွယ်ရကောင်းလားလို့ ဂျိတ်ခ်ကိုပါပြေး၍တစ်ချက်ရန်ထောင်လိုက်ချင်စိတ်လည်းဖြစ်သေး၏။

ဂျိတ်ခ်မေမေကတော့ သက်ပြင်းတစ်ချက်သာချတဲ့ဘာမှမဆိုသူအန်ကယ့်ကို သူမထက်ပိုမယုံနိုင်အောင်ရှိပုံပေါ်သည်။ငိုထားတာကြောင့်နီမြန်းနေတဲ့မျက်ဝန်းတွေဟာ ဝန်းဝိုင်းနေရင်းနှုတ်ခမ်းစွန်းတွေမငြိမ်မသက်နှင့်

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now