"ကလင်"
တွန်းဖွင့်လိုက်တဲ့လက်တစ်စုံနဲ့အတူပွင့်ဟသွားတဲ့မှန်တံခါးနောက်မှာခေါင်းလောင်းလေးသည်လည်းလှုပ်ခတ်သွားသည်။အရင်ဦးဆောင်သွားတဲ့လူရိပ်နောက်ငြိမ်ငြိမ်ပဲလိုက်မိသော်ငြား သူ့လက်ဖဝါးတွေမှာဖြင့်ချွေးစီးတွေ...။အရှေ့ကသူသိခဲ့တဲ့အထက်တန်းကျောင်းသားလေးရဲ့ နောက်ကျောပြင်ဟာဖြောင့်မတ်ခိုင်မာနေသည်။ဒါပေါ့...ခြောက်နှစ်တောင်ကြာခဲ့ပြီမဟုတ်ပါလား။
တည်တည်ငြိမ်ငြိမ်ပဲကောင်တာရှေ့ရပ်လိုက်တဲ့လူက သူ့ကိုမေးမြန်းလာခြင်းမရှိ။ကောင်တာကဝန်ထမ်းမိန်းကလေးအား ခပ်ပါးပါးပြုံးပြရင်း
"Iced vanilla latte နှစ်ခွက်လောက်"
"ဟုတ်ကဲ့...ဆိုင်မှာပဲသုံးဆောင်မှာလားရှင့်"
"အင်း၊ဆိုင်မှာပဲ"
"ဒါဆို...ဒါလေးယူသွားပေးပါနော်၊မီးလင်းရင် ကောင်တာမှာလာယူပေးပါရှင့်"
ငွေရှင်းလိုက်တဲ့ပုံရိပ်ဟာ ထိုအခါမှသူ့ကိုအသာစောင်းကြည့်လာသည်။ပန်းနုရောင်နှုတ်ခမ်းတွေရဲ့အပြုံးကအရင်လို နူးညံ့နေပါသေးရဲ့။ဒါဟာသူ့ရဲ့တဖက်သတ်ထင်မြင်ချက်ပေမဲ့...။
ထိုင်ခုံမှာမျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တဲ့ထိ သူ့ရဲ့စိတ်နှလုံးဟာမူးဝေနေတုန်း...။အရှေ့ကလူသားရဲ့မျက်နှာကိုသေချာကြည့်ဖို့အတွက်အင်အားအလုံအလောက်မရှိတဲ့အခါ သူ့မျက်လုံးတွေဟာသေသေသပ်သပ်စည်းထားတဲ့နက်ကတိုင်ဆီမှာ...။ပေါင်ပေါ်ကလက်ချောင်းတွေကတော့ ကုတ်အင်္ကျီကိုမြဲမြဲဆုပ်ကိုင်ထားမိရင်း...။
"ဒီအတောအတွင်းအဆင်ပြေတယ်မဟုတ်လား"
ခပ်တိုးတိုးမေးသံဟာအရင်ကထက်အများကြီးရင့်ကျက်တည်ငြိမ်နေသည်။ဟိုတယ်အရှေ့မှာ'ကော်ဖီသွားသောက်မလား'ဆိုတဲ့မေးခွန်းအပြီး ဒုတိယမြောက်ကြားရတဲ့အသံပေမဲ့ အခုထိသူ့ရင်အစုံကိုလှိုက်မောစေတုန်းပါပဲ...။
"အင်း...ပြေပါတယ်"
ခပ်ရိုးရိုးမေးခွန်းကို တိုတိုတုတ်တုတ်သာအဖြေပေးမိတော့စားပွဲဝိုင်းလေးဟာတဖန်ပြန်တိတ်ဆိတ်သွားသည်။မဝဲ့မရဲအကဲခတ်မိလိုက်တဲ့မျက်နှာချောချောဟာ သူ့ကိုငြိမ်ကြည့်နေဆဲ...။ဆုံမြိုက်မိတဲ့မျက်လုံးလေးတွေမှာ စကားလုံးတွေအများကြီးရှိနေပုံရသည်။ဒါပေမဲ့ သူ့လိုပဲနှုတ်ဆိတ်နေဖို့ပဲ ရွေးချယ်လေသလား။သူ့နည်းတူအတိတ်ဆီ ပျံသန်းဖို့ကြောက်နေသလား...။ခေါင်းထဲအတွေးတွေအုပ်စိုးလာပေမဲ့ ဆောင်ဟွန်းစကားစလိုက်သည်။
![](https://img.wattpad.com/cover/325703733-288-k81839.jpg)
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.