Pᴀʀᴛ 12

508 56 19
                                    

စောင်ပုံကြားထဲမှ ဟိုလှိမ့်ဒီလှိမ့်ခန္ဓာကိုယ်မှာခပ်ဖြည်းဖြည်းအကြောဆန့်သည်။လက်ဖမိုးနဲ့ဖိပွတ်မိတဲ့မျက်ခွံတွေနောက်ကမနက်ခင်းကိုကြိုဆိုဖို့ကြိုးစားနေဆဲရီ‌ဝေဝေမျက်ဝန်းတွေ...။လက်ထောက်ပြုကာထလို့ ယောင်တောင်တောင်နဲ့‌ထိုင်မိတဲ့အခါမှာတော့အနက်ရောင်ဆံပင်တွေဟာဖရိုဖရဲ။

ခဏလောက်အပြည့်အစုံနိုးအောင်ထိုင်နေပြီးတော့မှ ဆောင်ဟွန်းအိပ်ရာပေါ်ကထရပ်လိုက်သည်။မျက်နှာသစ်၊သွားတိုက်ပြီးလို့ဧည့်ခန်းဆီဦးတည်တဲ့အခါကြားရတဲ့အသံတစ်ချို့။ပုံမှန်မဟုတ်တဲ့လေသံအယိမ်းအပြုကြောင့်တံခါးဖွင့်လိုက်တာနဲ့သူ့မှာဇဝေဇဝါဖြစ်ရသည်။

"ရယ်ဂျီ မျက်နှာထားကိုပြင်နော်၊မေမေမကြိုက်ဘူး"

ဆိုဖာပေါ်မှာအောက်နှုတ်ခမ်းကိုဖိကိုက်ထားဆဲရယ်ဂျီဟာ စိတ်ဆိုးဟန်မျက်နှာထားနဲ့ရှုံ့မဲ့နေသည်။ဆူပူနေပေမဲ့မီးဖိုချောင်ထဲကမေမေ့မျက်နှာက မကောင်းလှ။ဆောင်ဟွန်း ဧည့်ခန်းအလယ်ကနေအခြေအနေသုံးသပ်ရင်းကဘာ‌ပြောရမှန်းမသိငြိမ်နေရသည်။ဖြစ်နေကျလည်းမဟုတ်တာမို့ သူလည်းဘာလုပ်ပေးရမလဲတွေဝေဆဲ...။

မီးဖိုချောင်က‌မေမေ့ကိုလှမ်းကြည့်ခိုက်မှာသက်ပြင်းချတာကြားရသလို ဆိုဖာပေါ်ကရယ်ဂျီ့မျက်ခမ်းစပ်နီနီလေးကနေလည်းမျက်ရည်ဥတစ်ချို့ကျနေလေပြီ။အသံမထွက်အောင်နှုတ်ခမ်းကိုက်ရင်းဖိနှိပ်တဲ့အခါ ပခုံးသေးသေးလေးတွေကလှုပ်လို့...။ဆောင်ဟွန်းမနေနိုင်စွာပဲ မီးဖိုချောင်ထဲလျှောက်သွားကာမေမေ့နားကပ်ရတော့

"ရယ်ဂျီဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး သားရယ်၊စိတ်ထဲထားမနေနဲ့၊ရယ်ဂျီ အဝတ်သွားလဲတော့၊ဂျူယောင်းလည်းစောင့်နေတော့မယ်၊ကျူရှင်ဆရာမ မရောက်သေးခင်မြန်မြန်လုပ်"

"........"

"မေမေပြောတာကြားလား ရယ်ဂျီ၊အဝတ်သွားလဲ"

‌တခဏထိပေထိုင်နေသေးတဲ့ကျောပြင်လေးပိုင်ရှင်မှာဒုတိယအကြိမ်လေသံမာလိုက်မှ ခြေသံတတောက်တောက်နှင့်အခန်းထဲပြေးဝင်သွားသည်။အခုအခါမှာတော့ကြိတ်ငိုတာမဟုတ်ပဲ နှာခေါင်းရှိုက်သံကျယ်ကျယ်ကအခန်းတံခါး"ဂျောက်"ခနဲအလျင်စလိုမပိတ်သွားခင်ထိ ပြတ်ပြတ်သားသား...။

𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓Where stories live. Discover now