Part (2)

8.7K 215 8
                                    

Scroll down for zawgyi]

♡" Lovingly divorced "♡

အပိုင်း( ၂ )

" မမလေးရုန်းကို သခင်လေးက သီးသန့်ဘန်ကလိုမှာ အဆင်သင့်စောင့်နေပါလို့ အမှာစကားထားခဲ့ပါတယ်"

အေးစက်စက်မျက်နှာသေနှင့်အိမ်တော်ထိန်းကြီး၏စကားကြောင့်..ရုန်းနွမ်းလျစွာသက်မကိုချမိသည်။

" ကောင်းပါပြီ "

စာကြည့်ဆောင်ကို လှမ်းနေသည့် ခြေလှမ်းလေးတွေက ရုတ်တရက် နှေးကျသွားပြီး အိမ်တော်ထိန်းကြီးကို နောက်ပြန်လှည့်ကြည့်ကာ အသာအယာခေါင်းငြိမ့်လိုက်သည်။

" အခုပဲ သွားလိုက်ပါ့မယ်"

ဟုတ်ပြီလေ..!

သူသာဘုရင်ဟု ရာဇပုလ္လင်ပေါ်တက်ပြီးကြေငြာပြနေမှတော့...ကိုယ်လုပ်တော်ဇတ်ရုပ်ကို ပီပြင်အောင် ကပြရုံကလွဲပြီးဘာများရှိနိုင်ဦးမလဲ..

သြော်..မေ့လို့!..ကျွန်မက..မဟေသီပါ..စာချုပ်စာတန်းအရ..တစ်ဦးတည်းသောအဂ္ဂမဟေသီ..။

❕❕❕❕❕❕❕❕❕❕❕❕

This is mature content. for 18+ only⛔⛔⛔

သီးသန့်ဘန်ကလိုရှေ့မှာ အပန်းဖြေကားလေးက ညင်သာစွာထိုးရပ်သွားသည်။
လူတစ်ရပ်ကျော်မြင့်မားသည့် မှန်တံခါးနဘေးမှာ ရပ်နေသည့်အိမ်အကူကောင်မလေးနှစ်ယောက်က မှန်တံခါးကိုဖွင့်ပေးပြီးနောက် ဦးညွတ်လာသည်။

"မင်းတို့ကို..ဒုက္ခပေးမိပြီ.."

"မမလေး..ဘာများအလိုရှိပါသလဲရှင်"

ခပ်သော့သော့ တိုက်ခက်နေသော ညလေညှင်းကြောင့် ရုန်းဆံနွယ်ရှည်တွေက သူမနဖူးပြေပြေလေးပေါ် ကပိုကယို ဝဲကျနေသည်။ ရုန်းက လက်ကလေးမြှောက်၍ ညှင်သာစွာသပ်တင်ရင်း ပြန်ဖြေလိုက်သည်။

"သစ်သီးဖျော်ရည်လေးတခွက်လောက်..
ဧည့်ခန်းက စားပွဲပေါ်မှာတင်ထားခဲ့ရင်ရပါပြီ.."

"ဟုတ်ကဲ့ပါ..မမလေး"

ကောင်မလေးက အရိုအသေပေးပြီးထွက်သွားသည်။

ရုန်းတစ်နေ့လုံး ပန်းချီကားတစ်ချပ်ကို စိတ်နစ်ပြီး ဆွဲနေခဲ့သဖြင့် လူကတော်တော်လေး ပင်ပန်းနွမ်းလျနေပြီ။ ဒီလိုနေ့မျိုးတွေက သူမအတွက် စိတ်​ရော၊ လူပါ အမြဲခံနိုင်ရည်မဲ့နေတတ်သည်။

Lovingly DivorcedWhere stories live. Discover now