Part (10)

5.5K 145 12
                                    


♡" Lovingly divorced "♡

အပိုင်း (၁၀)

" ဘယ်လိုလဲ..ဦးသက္ကကျော်..ကျုပ်ရဲ့အခုလိုအနေအထားကရော...ခဗျားကို မာ.မလာစေတော့ဘူးလား..ဟမ့်?"

အေးစက်စက်စကားသံတွေက ဦးသက္ကကျော်နားထဲ သံရည်ပူတွေလို စီးဝင်လာသည်။

တစ်ခါလေးအလှတရားနောက်စိတ်လိုက်မာန်ပါမှားမိတာ..အခုတော့သောက်ကျိုးနည်းကိုဖြစ်နေပြီ..ဘီလူးပေါက်လေးမှန်းသာသိခဲ့ရင် အစောကြီးတည်းက သင်းကို ရှင်းပစ်ပြီးပြီ။

:::::

နောင်တရချင်ဟန်ဆောင်နေသည့် လူယုတ်မာကို ကြည့်ရင်း မသတီသလို ခံစားလာရတာကြောင့် ရွံရှာစွာ မျက်နှာလွှဲပစ်လိုက်သည်။

တစ်ချိန်က ဖြူစင်တဲ့ ကလေးတစ်ယောက်ရဲ့ သိမ်ငယ်ခြင်းတွေနေရာမှာ ရင့်ကျက်မှုတို့ ပြည့်ဝလာတဲ့ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့ အရာရာဟာ ခြားနားသွားခဲ့ပြီ။

" ပြောပါဦး..ဦးသက္ကကျော် ဘယ်လိုလဲ အခု ခင်ဗျား အရမ်းတွေများထန်နေပြီလားဗျာ...လောကကြီးရဲ့အကောင်းဆုံးနေရာထိရောက်အောင် ခေါ်သွားပေးမယ်ဆိုတဲ့ ခွေးစကားတွေ ပြောချင်သေးလား "
ဦးသက္ကကျော် အသက်ရှူသံတွေပြင်းကာ ဒေါသနှင့်မခံမရပ်နိုင်ဖြစ်နေခြင်းတွေက သူ့အသက်ကိုပင် နှုတ်ယူသွားတော့မတတ်။

"မင်း!... မင်းက အောက်တန်းစားကောင်! မြေခွေလို ယုတ်မာတဲ့ အကြံနဲ့ငါတို့ မိသားစုအနားကို ချဉ်းလာတာပဲ..လူယုတ်မာကောင် "

ဦးသက္ကကျော် ဝမ်းခေါင်းသံကြီးနှင့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

" ဟား!...ဟုတ်ပါတယ်ဆိုဗျာ..ဘာလို့များ အဲ့ဒိနာမည်ကြီး ခဏခဏလာရွတ်ပြနေတာလဲ...ရုန်းသာပြန်ကြားရင် သူ့ယောက်ျားကို လူယုတ်မာလို့ ခေါ်တာ သဘောမကျလောက်ဘူးနော် ယောက္ခမကြီး "

ဟက်ကနဲ..တချက်ရယ်သွမ်းသွေးရင်းလျှာကိုခေါက်ကာ ပါးစောင်မှာထိုးပြီးခပ်လှောင်လှောင်ပြုံးလိုက်သည်။

" လူရမ်းကား ငါ့သမီးကို မင်းကွာရှင်းပေး!...မင်းလို အောက်တန်းစားက ငါ့သမီးနဲ့မတန်ဘူးကွ နားလည်လား "

Lovingly DivorcedWhere stories live. Discover now