Part (31)

3.5K 177 22
                                    

♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡

အပိုင်း (၃၁)

နေဦးလျှံ မောင်းနှင်လာသည့် 'La Voiture Noire' ကားလေးက 'Silver Stars' ဆေးရုံမှ ထွက်ခွာလာပြီးနောက် 'မြနန်းမဟာ' ဗီလာကြီးရှိရာသို့ တဖြည်းဖြည်းနှင့် ဦးတည်သွားလေသည်။

တစ်လမ်းလုံး ပူပင်သောကတွေနဲ့ စိတ်နဲ့လူမကပ်သည့်ရုန်း ရင်းနှီးနေသည့်မြင်ကွင်းတချို့ကို မြင်လိုက်ရချိန်မှာတော့ သတိပြန်ဝင်လာရကာ သူမနှလုံးသားကလည်း ဆွဲဆုပ်ခံလိုက်ရသလို တင်းကြပ်သွားခဲ့သည်။

" ရှင်...အခု မြနန်းမဟာကို သွားနေတာလား...နေဦးလျှံ! "

ရုန်းလည်ချောင်းထဲမှ ထွက်လာသည့်အသံက ကွဲအက်တုန်ခါနေသည်။

" သူ... အခု မြနန်းမဟာမှာ ရှိနေတာလား...မိုင်းက...သူ... မြနန်းမဟာမှာ ရှိနေတာလားဟင် ? "

ရုန်းတုန်တုန်ယင်ယင်လေးနှင့် ထပ်မေးမိသည်။

သို့သော် နေဦးလျှံထံမှ ဘာတုံ့ပြန်မှုမှမရှိဘဲ တိတဆိတ်သာ ကားကို ဆက်မောင်းနေသည်။

ကားက မနှေးမမြန် ပုံမှန်နှုန်းဖြင့်သာ မောင်းနေတာကြောင့် ရုန်းစိတ်မရှည်နိုင်တော့ပေ။ ကားတံခါးကို လက်ဖြင့် ခပ်ပြင်းပြင်းပုတ်၍ ပြောလိုက်သည်။

" ရှေ့နေကြီး...ကျေးဇူးပြုပြီး ကားကို ဒီထက်ပိုမြန်အောင် မောင်းပေးလို့ရနိုင်မလား..အမြန်မောင်းစမ်းပါရှင် "

ရုန်း ထပ်ပြောလိုက်သော်လည်း ထိုသူ့က နားမကြားသူတစ်ယောက်လို ရုန်းကို လျစ်လျူရှုထားသည်။

ဖြစ်နိုင်လျှင် ကားတံခါးဆွဲဖွင့်၍ မြနန်းမဟာသို့ ချက်ချင်းပြေးဆင်းသွားလိုက်ချင်သည်။ မိုင်းရင်ဘက်တွေကို အားရအောင်ထုနှက်၍ ဘာ့ကြောင့် အခုလိုလုပ်ရတာလဲလို့ မေးချင်နေမိသည်။

သူ ဘာလို့အခုလို လုပ်ရတာလဲ?...ဒီနည်းနဲ့ဘာလို့ အနိုင်ပိုင်ချင်ရတာလဲ?...

ရုန်း မျက်ဝန်းအိမ်မှမျက်ရည်စတို့ တလိမ့်လိမ့် ပြိုဆင်းလာကြပြန်သည်။

အချိန်က နေ့လည်တစ်နာရီကျော်ကျော်သာရှိသေး၍ လမ်းမပေါ်မှာတော့ ကားအသွားအလာရှင်းနေသေး၏။

Lovingly DivorcedWhere stories live. Discover now