Part (29)

4.6K 173 16
                                    

♡" Lovingly divorced "♡

အပိုင်း (၂၉)

" သူက..မင်းရဲ့ဖခင်အရင်းပဲ ရုန်း "

မိုင်းရဲ့ ထိုစကားစုလေးက အလွန်ရိုးရှင်းလှသော်လည်း ရုတ်တရက်ကြီး ရုန်းမိခင်မြန်မာစကားကို နားမလည်တော့သလို ဖြစ်သွားခဲ့ရသည်။

" ဘာ!..နင် ဘာပြောလိုက်တယ် "

ရုန်းတကိုယ်လုံး တောင့်တင်းထုံကျဉ်သွားသလိုပင်။ သူမ ဘာမှ နားမလည်နိုင်သေးခင်..မိုင်းက ထိုလူကြီးအနီးသို့ လျှောက်သွားလိုက်ပြီ...
.
" ဦးလေး..သူက သျှင်ထိကရုန်းစံပဲ..ဦးလေးနဲ့ဒေါ်သျှင်ထားညိုတို့ရဲ့ သမီးလေးရုန်းလေ "

" အာ..ဘား..အဘား ဘား "

လူကြီးမှာ အံ့သြလွန်း၍ မျက်လုံးနှစ်ဖက်ပြူးကျယ်လာပြီး ပါးစပ်ကလည်း အော်ဟစ်လာလေသည်။ သူ့မျက်လုံးထဲမှာလည်း မျက်ရည်တို့ ဝေ့လာသည်။

" အဘား..အဘား.. အာ..အာ "

ရုန်း ခေါင်းကို လက်နှစ်ဖက်နဲ့အုပ်ကိုင်၍ အော်ပြစ်လိုက်သည်။

" သုသမိုင်း..နင်ဘာတွေ လျှောက်ပြောနေတာလဲ?..အရူး "

" အဝါး..အဘာ ဘာ..အူး.."

လူကြီးရဲ့မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာသည်။ ထိုမျက်ရည်တွေက ရုန်းကို ပို၍ နာကျင်စေသည်။

" ဟင့်အင်း..မဖြစ်နိုင်ဘူး...နင်ဘာတွေ ပြောနေတာလဲ..ငါ့မှာ ငါ့အဖေနဲ့အမေရှိတယ်.. နင်ရူးနေတာလား..မဟုတ်ဘူး..မဟုတ်ဘူး လုံးဝ မဖြစ်နိုင်ဘူး.."

ရုန်း မိုင်းရဲ့ ရင်ဘက်မှ အကျီစကို ဆွဲ၍ ဒေါသတကြီး အော်ပြောနေသည်။

" နင်..ဘာတွေ လျှောက်ပြောနေတာလဲ..နင် လူတစ်ဖက်သားကို တော်ရုံပဲ ဒုက္ခပေးတာ ကောင်းလိမ့်မယ် သုသမိုင်း "

မိုင်းက သူ့အကျီစကိုဆွဲထားသည့် ရုန်းလက်ကလေးတွေကို ညှင်သာစွာ ဆွဲဖြုတ်လိုက်ရင်း...

" ကိုယ်..အခု အေးဆေး ရှင်းပြမယ် ရုန်းခဏလေး နားထောင်ပေးနော် "

" အလိမ်အညာတွေ ငါ ဘာမှမကြားချင်၊ မသိချင်ဘူး "

မိုင်းက ရုန်းကို ပြန်ဆွဲထားရင်း အခန်းအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။

Lovingly DivorcedTahanan ng mga kuwento. Tumuklas ngayon