Part (27)

3.3K 104 3
                                    

♡" Lovingly divorced "♡

အပိုင်း (၂၇)

" နင်..ဘယ်ကို သွားနေတာလဲ?..သုသမိုင်း!.. အခုချက်ချင်း ကားရပ်ပေးလို့ ငါပြောနေတယ်နော် "

ရုန်း ကားပြတင်းမှန်ကို လက်နှင့်ရိုက်ပုတ်ကာ စိတ်ရှိလက်ရှိအော်ပစ်လိုက်သည်။ သို့သော် မိုင်းက ထိုလက်ကလေးတွေကို ဖမ်းဆုပ်ထားလိုက်ပြီး သူ့မျက်နှာက ရုန်းလည်တိုင်နား ငုံ့ကျလာကာ တိုးညှင်စွာပြောလိုက်သည်။

" မင်း မိဘအရင်းတွေဆီလေ "

သူ့အသံက အနည်းငယ် ရယ်သွေးသမ်းနေသည်။

" ဘာကြီး!?"

မိုင်း ပြောလိုက်သည့်စကားက ရုန်းကို ခဏတာကြောင်အ.သွားစေခဲ့ပြီး သူ့ကို ပြန်စိုက်ကြည့်နေမိသည်။

" ..နင် ဘာပြောလိုက်တာလဲ?...သုသမိုင်း"

ရုန်း နားမလည်စွာ ထပ်မေးလိုက်တော့ မိုင်းက ပြုံးလိုက်ပြီး..သူ့ကို ကြောင်ကြည့်နေသည့် ရုန်းမျက်လုံးလေးတွေပေါ် ငုံ့နမ်းချလိုက်သည်။

" ကိုယ်တို့ အခု ပဲခူးဘက်ကို သွားနေကြတာ..ဆွေပြမျိုးပြသဘောပေါ့ "

သူဖြေလိုက်တာက ရုန်းမေးတာနဲ့ တခြားစီပင်။

မိုင်း နှုတ်ခမ်းအစုံက ကော့ညွှတ်အောင်ပြုံးနေပြီး မျက်ဝန်းတွေကလည်း ရယ်မြူးရိပ်တို့နှင့် ပြည့်နှက်လို့နေသည်။

" နောက်ပြီး အဲ့ဒိကို ဦးသက္ကကျော်လည်း ရောက်နေလောက်ပြီ "

" နင်...ငါ့ ဒယ်ဒီကို..."

" အာ!..ကိုယ်နဲ့ ဘာမှမဆိုင်ဘူးနော်.. သူ့ဟာသူ သွားနှင့်တာ..အခု ပြောပြရင် မင်းနားလည်မှာမဟုတ်လောက်ဘူး.. ဟိုရောက်ရင် မင်းအားလုံး နားလည်သွားမှာပါ "

သူ့ရဲ့ မထီမဲ့မြင်အပြုအမူတွေက ရုန်းဒေါသတွေကို ပိုပြီးလောင်မြိုက်လာအောင် တမင်သက်သက် ဆွပေးနေသလောင်..။

ရုန်း ဒယ်ဒိအတွက် စိုးရိပ်စိတ်တွေ အပြင်းအထန်ဝင်ရောက်လာသည်။ ဒယ်ဒိက ဘာ့ကြောင့် ပဲခူးကို ချက်ချင်းကြီး ရောက်သွားရတာလဲ?..ဒါက လုံးဝ သွေးရိုးသားရိုး မဖြစ်နိုင်ပေ။

Lovingly DivorcedWhere stories live. Discover now