♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡
အပိုင်း (၄၀)
ကျွီး..!!
"..အမလေး...အမေ့ရေ..."
ကျွီးခနဲကားဘရိတ်သံအဆုံးမှာ သက်တံ့ရိပ်သတိပြန်ဝင်လာခဲ့သည်။ သူမမျက်လုံးတွေကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။
"...မ...မလုပ်ပါနဲ့ "
သက်တံ့ရိပ် ကယောင်ခြောက်ချား အော်လိုက်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပြီး သူမတကိုယ်လုံးမှာလည်း ချွေးစေများဖြင့်စိုရွဲနေသည်။
ဒုန်း!
ကျယ်လောင်သည့် ကားတံခါးဆောင့်ပိတ်သံကို ကြားလိုက်ရသည်။
"..ဥ...ဥတျာဆက်...နင်ဘာလုပ်မလို့လဲ? "
သက်တံ့ရိပ် အတင်းလူးလဲထဖို့ကြိုးစားလိုက်ပေမယ့် သူမခန္ဓာကိုယ်က ကြိုးများဖြင့် တုပ်နှောင် ခံထားရသည်။
"...ဥတျာဆက်...ငါ့ကိုလွှတ်ပေးပါ...ငါ တောင်းပန်ပါတယ် "
ဥတျာဆက်က လုံးဝဂရုမစိုက်ပေ။ ကားတံခါးကို သေချာပြန်ပိတ်ပြီးနောက် သက်တံရိပ်ကို ကားထဲမှာ တစ်ယောက်တည်း ပိတ်ထားခဲ့လိုက်သည်။
" ဒီနေ့ မင်းကို ငါ့အဖိုးဘယ်လို အသက်ရှင်နေခဲ့သလဲ သိအောင်ပြမယ်..အိုခေနော် "
" မလုပ်နဲ့...မလုပ်ပါနဲ့...ငါတောင်းပန်ပါတယ်...ဥတျာဆက်... "
ဥတျာဆက်က လက်ထဲက မီးခြစ်ကိုခြစ်လိုက်ပြီး ကားစက်ခေါင်းနားသို့ တဖြည်းဖြည်းတိုးကပ်လာသည်။
"...မလုပ်နဲ့....မလုပ်ပါနဲ့ "
မီးခိုးငွေ့များ စတင်ထွက်ပေါ်လာသည့် ကားခေါင်းကိုကြည့်ရင်း သက်တံ့ရိပ်သွေးပျက်ခြောက်ခြားစွာ အော်ဟစ်လာသည်။
"...မလုပ်နဲ့..."
ဝုန်း!!
' အားးးးးးးး..."
ငါမှားပါတယ် ဥတျာဆက်...နင်နဲ့အဖိုးအပေါ်မှာ...ငါမှားခဲ့ပါတယ်...ငါ့အပြစ်တွေအတွက်...ငါအခုပေးဆပ်ပါ့မယ်...
မီးခိုးငွေ့တွေကြားမှာ လူးလွန့်ရင်း ပြင်းထန်သည့်အသက်ရှူကြပ်ခြင်းဝေဒနါကို ခံစားနေရသည်။ ပါးပြင်ထက် တလိမ့်လိမ့်စီးကျနေသည့် မျက်ရည်တွေကတော့ သူမနောင်တတွေအတွက် သက်သေများပင်။