Part (32)

3.4K 167 6
                                    

♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡

အပိုင်း (၃၂)

ဖြူဖွေးဆွတ်နေသည့် အုတ်ဂူအသစ်စက်စက်လေးကို တုန်ရီနေသော လက်ချောင်းတို့ဖြင့် မချင့်မရဲအကြိမ်ကြိမ်ပွတ်သပ်၍ သတိလစ်မေ့မြောလုမတတ် ငိုကြွေးနေသူက သက်တံ့ရိပ်ရယ်ပါ...

ရက်စက်လွန်းတဲ့ ကံကြမ္မာကို အပြစ်တင်ရင်း သူမနှလုံးအိမ်တစ်ခုခုလုံးလည်း မွမွကြေနေရပါပြီ။

အစတည်းက ပိုင်ရှင်ရှိပြီးသား ဒီလူသားကိုမှ သူမမက်မောစွာချစ်ခဲ့မိသည်။ နေ့နေ့ညည ပိုင်ဆိုင်နိုင်ဖို့ကြိုးစားနေစဉ်မှာပင် ကံကြမ္မာက ရက်စက်လွန်းအားကြီးခဲ့သည်။

ထားခဲ့ရက်သူကြီး မိုင်းက သူမနဲ့ကမ္ဘာခြားကို ထွက်သွားခဲ့လေပြီ။

" မိုင်းရယ်...အရိပ်ကိုပါ ဘာလို့တစ်ခါတည်း ခေါ်မသွားရတာလဲ...မိုင်းမရှိဘဲ အရိပ်ဘယ်လို ရှင်သန်ရမှာလဲ မိုင်းရဲ့...အဟင့် ဟင့်..."

မိုင်းရဲ့ အုတ်ဂူရှေ့မှာ ဒူးထောက်ထိုင်းရင်း အရုပ်ကြိုးပြက်ငိုကြွေးနေသည့် စူပါမော်ဒယ်သက်တံ့ရိပ်ကို သတင်းမီဒီယာများက ကင်မရာမီးတဖျက်ဖျက်နှင့် ဓာတ်ပုံများ ရိုက်ကူးကြသည်။

အုတ်ဂူထက် လက်ဘက်နှင်းဆီဖြူတွေကြားမှာ ဓာတ်ပုံထဲက လူသားကတော့ အေးချမ်းစွာ ပြုံးနေခဲ့သည်။

သက်တံ့ရိပ် မိုင်းဓာတ်ပုံလေးကို ညှင်သာစွာ ထိကိုင်၍ ထပ်ခါထပ်ခါ ငိုရှိုက်မိသည်။

" မိုင်းရယ်...အရိပ် ဘယ်လိုဖြေရမှာလဲ...မိုင်းရဲ့ ဟင်?...ပြောပါဦး အရိပ်ဘယ်လို ဖြေရမှာလဲလို့..."

သူမမှာ ငိုရလွန်း၍ မျက်လုံးများပင် ပေါက်ထွက်တော့မည့်အလား နီရဲမို့အစ်နေသည်။

မိုင်းရဲ့အက်ဆီးဒန့်သတင်းကြားပြီးတဲ့အချိန်ကစပြီး သူမ မအိပ်နိုင်၊ မစားနိုင်ငိုကြွေးခဲ့သည်။

မိုင်းရဲ့ သတင်းဆိုးကြောင့် သူမအလုပ်တွေလည်း ဆက်မလုပ်နိုင်တော့ဘဲ ပစ်ထားခဲ့တာဖြစ်သည်။

ကားတစ်စီးတည်း အတူရှိနေကြတာချင်းတူတာတောင် ဟိုမိန်းမ ထိကရုန်းကျတော့ ဘာထိခိုက်မှု ကြီးကြီးမားမားမှတောင်မရှိဘဲ မိုင်းကျမှ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတာ တွေးမိတိုင်း ရင်နာရသည်။

Lovingly DivorcedDonde viven las historias. Descúbrelo ahora