Part (46)

2.8K 107 2
                                    

♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡

အပိုင်း (၄၆)

ဒီဇိုင်နာရုန်း :

'Moon Group' ၏ဥက္ကဌအသစ်လည်းဖြစ်. ယခုလက်ရှိလူငယ်ဖက်ရှင်လောကကို လွှမ်းမိုးထားနိုင်သည့် ဒီဇိုင်နာရုန်းက Crystal Hose ၏ ငါးနှစ်ပြည့်ပွဲကို ဦးဆောင် ကျင်းပမှာ မှို့ လူအများ၏အထူးအာရုံစိုက်မှုကို ခံထားရသည်။

သူမခင်ပွန်း သုသမိုင်းကွယ်လွန်သွားပြီးနောက် Moon Group' နှင့်အတူ.ဥက္ကဠသစ်ထိကရုန်းကို စီးပွားရေးလုပ်ငန်းရှင်အမြောက်မမြားက မျက်စိဒေါက်ထောက် စောင့်ကြည့်နေကြသည်။

ငယ်ရွယ်ထက်မြက်သည့် ထိကရုန်းက စီးပွားရေးလောကထဲ ခြေလှမ်းသွက်သွက်ဖြင့် တဟုန်ထိုးဝင်ရောက်လာပြီး အမျိုးသားများနှင့်တန်းတူရင်ဘောင်တန်း၍ စီးပွားရေးလုပ်ငန်းများကို ဦးဆောင်နိုင်သော သူမ၏စွမ်းဆောင်နိုင်စွမ်းကလည်း အမခန်းပင်။

ထို့အပြင် ဥက္ကဌသစ်ထိကရုန်းက ရုပ်ရည်သွင်ပြင်ချောမောလှပရုံမျှမက ခန္ဓာကိုယ်အချိုးအစားကအစ အပြစ်ဆိုဖွယ် တစ်ကွက်မရှိအောင် ပြည့်စုံသူဖြစ်သည်။

ထို့ကြောင့် Crystal Hose ၏ငါးနှစ်ပြည့်နှစ်ပတ်လည်ပွဲကို တက်ရောက်လာကြသည့် အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင် လူကြီးလူငယ် အသက်အရွယ်မျိုးစုံတို့၏အာရုံစိုက်မှုကလည်း ထိကရုန်းတွင်သာရှိနေကြသည်။

ပွဲကျင်ပရာ မန္တလေးမြို့ရှိ 'Sliver Stars Hotel' နှင့်အနီးတဝိုက်တွင် ကားများ၊ လူများဖြင့်ပြည့်ကြပ်လို့နေသည်။

အထူးတလည်ဖိတ်ကြားထားသော အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်များ၏လုံခြုံရေးကိုလည်း နံပါတ်တစ် ဦးစားပေးဆောင်ရွက်ထားကြသည်။

လတ်တလောတွင် ဖြစ်ပေါ်နေသော မော်ဒယ်မင်းသမီးသက်တံရိပ်ပျောက်ဆုံးနေမှုနှင့် တရားခံဦးသက္ကကျော် ထွက်ပြေးလွတ်မြောက်နေမှုတို့က လူအများကြားမှာ အတော်လေး ရိုက်ခက်မှုရှိနေပြီး စိုးရိပ်ထိတ်လတ့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ပွဲစီစဉ်သူ ရွှေရွှေနှင့်နေ့သစ်တို့စုံတွဲကလည်း 'Crystal Hose' ၏ ငါးနှစ်ပြည့်ပွဲကို တက်ရောက်လာကြသူအားလုံး၏လုံခြံရေးကို အဓိက အလေးထားကြသည်။

Lovingly DivorcedDonde viven las historias. Descúbrelo ahora