Part (42)

2.5K 117 11
                                    

♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡

အပိုင်း (၄၂)

" မင်းသမီးသက်တံ့ရိပ် မပျောက်ဆုံးခင် ၂၉ ရက်နေ့ ညက ဒေါ်သုန္ဒရီချိုနဲ့ တွေ့ဖြစ်ကြသေးတယ်လို့ သိထားရပါတယ်...ဘာအကြောင်းအရာတွေများပြောဖြစ်ခဲ့ကြသလဲ ခင်ဗျ "

ရဲအရာရှိတွေရဲ့ စစ်ဆေးမေးမြန်းမှုကို သုန္ဒီချိုက မျက်ရည်လေးတစမ်းစမ်းနှင့်ဖြေလေသည်။

" အဲ့နေ့ညက ကျွန်မနဲ့ညီမလေးရိပ်တို့ နယူးရောက်ဖက်ရှင်ပွဲကိုသွားဖို့ တိုင်ပင်ခဲ့ကြတယ်...နောက်နေ့ကျတော့ ညီမလေးရိပ်ပျောက်နေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတာပဲ "

" အဲ့ဒိညက ခင်ဗျားနဲ့မင်းသမီးသက်တံ့ရိပ်တို့ ဘယ်အချိန်ထိ ဆွေးနွေးဖြစ်ကြလဲ?...ခင်ဗျားတို့ ဘယ်အချိန်ထိအတူရှိခဲ့ကြလဲ?"

ရဲအရာရှိက သူသိချင်တဲ မေးခွန်းတချို့ထပ်မေးသည်။

" ကျွန်မတို့ ညဆယ်နာရီမှာ 'Royal Stars 'ကနေ ပြန်လာခဲ့ကြတယ် "

" ခင်ဗျားတို့အတူတူပြန်ကြတာလား "

" မဟုတ်ပါဘူး..ကျွန်မက ကိုယ်တိုင်ကားမောင်းပြီးပြန်တာပါ..ညီမလေးသက်တံ့ရိပ်ကတော့ သူ့ဒရိုင်ဘာနေဖြိုးလာကြိုတာပါ "

ရဲအရာရှိက ခေါင်းအသာငြိမ့်လိုက်သည်။

" ဟုတ်ပြီ...အဲ့ဒိနောက်ရော ခင်ဗျားတို့ အဆက်အသွယ်ရှိကြသေလား?"

သုန္ဒိချိုခေါင်းခါလိုက်သည်။

" မရှိတော့ပါဘူး "

" ဒါဆို မင်းသမီးသက်တံ့ရိပ်ကို နောက်ဆုံးလာကြိုသွားတဲ့လူက သူ့လက်ထောက်နေဖြိုးဆိုတာကိုတော့ ခင်ဗျားမြင်လိုက်တယ်လို့ ဖြေလိုက်တယ်နော် "

" ဟုတ်ကဲ့ ကျွန်မ မြင်လိုက်ပါတယ် "

သုန်သုန်နှင့်တာဝန်ရှိသူတို့ အချိန်တစ်ခုကြာအောင် မေးမြန်းစုံမှုကနေ ရလာတဲ့အဖြေကတော့ မင်းသမီးသက်တံ့ရိပ်နဲ့နောက်ဆုံးရှိနေတဲ့လူက သူမလက်ထောက် နေဖြိုးပင်။

လောလောဆယ်မှာ နေဖြိုးကိုပင် ရှာမတွေ့သေးတာကြောင့် အခက်တွေ့နေခဲ့သည်။ မင်းသမီးသက်တံ့ရိပ် ပျောက်ဆုံးနေသည့်သတင်းကလည်း တစ်စစထက်တစ်စ ပရိတ်သတ်တွေကြား ပျံ့နွှလာနေသည်။

Lovingly DivorcedUnde poveștirile trăiesc. Descoperă acum