Part (5)

8K 210 7
                                    

[Scroll down for zawgyi]


♡" Lovingly divorced "♡

အခန်း (၅)

"မိုင်းမိုင်း..မင်းမိန်းမ..စောစောက မမကိုဘာပြောလည်းသိလား..သူ့ကိုယ်သူ..လင်ငုတ်တုတ်နဲ့မုဆိုးမတဲ့လေ..အခု လုပ်ပုံကိုလည်းကြည့်...မင်းမြင်တဲ့အတိုင်း အရမ်းရိုင်းတယ် "

သုန္ဒရီချိုက အားမလိုအားမရနှင့် ရှေ့တိုးလာကာ မိုင်းကို မျက်နှာလိုမျက်နှာရလုပ်ကာ ဝင်ပြောလိုက်သည်။

"...သြော်! "

မိုင်းက နှုတ်ခမ်းလေးတွန့်သည်ဆိုရုံပြုံးလိုက်သည်။ သူ့ရှေမှာကြွကြွရွရွလေးရပ်နေသည့် ရုန်းကိုလည်းမျက်တောင်ဖျားလေးပင့်သွားတယ်ဆိုရုံသာ ကြည့်လိုက်သည်။

ရုန်းမျက်နှာပေါ်မှာလည်း လှောင်ပြုံးလေးတစ်ခုက နေရာယူထား၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည့်အခါ အကြည့်တွေကနေတဆင့် မီးထပွင့်တော့မည့်နှယ်...

" ရှင် ဘာပြောချင်လဲ?...အဲ့ဒိစကားအပေါ်မှာလေ "

ရုန်းက သူ့မျက်လုံးတွေ တည့်တည့်စိုက်ကြည့်ကာ မျက်ခုံးလေးတစ်ဖက်ပင့်၍ ခပ်ထေ့ထေ့လေး မေးလိုက်၏။

မိုင်းက အကြည့်လွှဲလိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲက စီးကရက်တစ်လိပ်ကိုထုတ်၍ နှုတ်ခမ်းမှာတေ့ပြီး မီးညှိကာ..ခပ်ပြင်းပြင်းတချက်ရှိုက်လိုက်သည်။ သက်တောင့်သက်သာဆန်စွာ ထရပ်လိုက်ပြီး သူ့ပုခုံးစွန်းသာသာလောက်သာရှိသည့် ရုန်းမျက်နှာဆီသို့မီးခိုးငွေ့လေးများကို မှုတ်ထုတ်လိုက်သည်။

" မင်း ဘာလို့ အဲ့လောက်တောင် ခေါင်းမာရတာလဲ...သိချင်တာ "

မွှန်သွားလို့အနည်းငယ်မျက်မှောင်ကျုံ့သွားတဲ့သူမမျက်နှာကိုစေ့စေ့စပ်စပ်ကြည့်ပြီး ထပ်ပြောလိုက်သည်။

"ဒါပေါ့..မြနန်းမဟာရဲ့မဒမ်တယောက်အနေနဲ့ ဒီလောက်တော့ အခွင့်အရေးရှိပါတယ်.."

"အဲ့တော့...ရှင်ပြောချင်တာက..."

သူ့ထက်မလျော့သည့်မာနတွေနှင့် ရုန်းစကားသံတွေကလည်း အေးစက်ပြတ်တောင်းနေ၏။ဒေါသကြောင့် လှပလွန်းသည့် မျက်နှာလေးမှာပန်းရောင်သန်းလျှက်..။

Lovingly DivorcedDonde viven las historias. Descúbrelo ahora