Part (13)

5.6K 153 8
                                    

[Scroll down for Zawgyi]

အပိုင်း (၁၃)

"ဆရာ..မမလေးရုန်းနိုးလာပြီ"

အိမ်အကူအန်တီကြီးက စာကြည့်ခန်းဘက်ကို လှမ်းအော်ကာ အပြေးလေးသွားပြီး အကြောင်းကြားလိုက်သည်။

ရုန်းအကြည့်တွေကပါ စာကြည့်ခန်းဘက်ရောက်သွားပြီး စိတ်အနှောက်အယှက်ဖြစ်စွာ မျက်မှောင်ကျုံ့လိုက်မိသည်။

ဒီအိမ်ကြီးမှာ ရုန်းအပြင် ဘယ်သူထပ်ရှိနေသေးတာလဲ...ဒီကို လာတုန်းက ရုန်းကိုယ်တိုင် ကားမောင်းပြီးလာခဲ့တာပဲ မဟုတ်လား?...ကိုဖိုးပြည့်တို့ကရော?

ရုန်းမှတ်မိသလောက် ' မြနန်းမဟာ'ကနေ သူမကိုယ်တိုင် ကားမောင်း​ယာစဉ် ဖိုးပြည့်နဲ့ကိုယ်ရံတော် တစ်သိုက်လည်း တခြားကားတစ်စီးနဲ့နောက်ကနေ လိုက်လာခဲ့တယ် ဆိုတာပါပဲ။ 'Stars Light' ကိုရောက်မှ ကားပေါ်မှဆင်းလိုက်စဉ် လေထဲမှ ပန်းရနံတစ်မျိုးကို ရှူမိပြီး ရုတ်တရက် လဲကျသွားခဲ့သည်။

အဲ့ဒိနောက်တော့ရော??!

ရုန်းလက်ထဲမှ ဖုန်းစခရင်ပေါ်မှာ ပေါ်နေသည့်ရက်စွဲက ရုန်းမှတ်ညဏ်နှင့်နှစ်ရက်တိတိကွာဟနေခဲ့သည်။

ရုန်း ဒီကိုလာခဲ့တာ 12 ရက်နေ့ အခု ဒီနေ့က 14 ရက်နေ့..ကြားထဲမှာ ဘာတွေဖြစ်သွားသလဲ..လွတ်သွားသောခေါ်ဆိုမှုများစွာက ရွှေရွှေ့ဆီမှသာ။

ဘာတွေဖြစ်သွားခဲ့တာလဲ...ရုန်းကရော ဘာ့ကြောင့် နှစ်ရက်တောင် သတိမေ့နေခဲ့ရတာလည်း ဧည့်ခန်းအလယ်မှာ မင်သက်စွာရပ်နေမိသည်။

ခဏအကြာမှာ စာကြည့်ခန်းထဲကဒေါက်တာစည်သာနှင့် စကားပြောရင်းထွက်လာသော ဒယ်ဒိကို တွေ့လိုက်ရသည်။ ဒယ်ဒိမျက်နှာပေါ်မှာ စိတ်မသက်မသာဖြစ်နေမှုကို ဖုံးကွယ်ထားပေမယ့် ရုန်းက ချက်ချင် သတိထားမိသည်။

" ဒယ်ဒီ..."

"သမီးနိုးလာပြီပဲ...နေရတာအဆင်ပြေရဲ့လားသမီး..ခေါင်းမူးနေသေးလား"

ရုန်းက ဒယ်ဒိမျက်နှာကိုသာ ငေးကြည့်နေရင်း ခေါင်းလေးအသာအယာ ခါရမ်းလိုက်သည်။

" ရုန်းအဆင်ပြေပါတယ် ဒယ်ဒီ "

အဆင်မပြေဖြစ်နေရသည်က ရုန်းစိတ်အခြေအနေပင်။

Lovingly DivorcedNơi câu chuyện tồn tại. Hãy khám phá bây giờ