Part 30)

3.9K 182 18
                                    

♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡

အပိုင်း (၃၀)

အိပ်ပျော်သွားတော့မလို ခံစားချက်မျိုးဖြစ်သည်။

သူမ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေ၏။

ခေါင်းက အလွန်လေးလံနေုပြီး မျက်ခွံတွေကလည်း မဖွင့်နိုင်ပေ။

တစ်စုံတစ်ခုနှင့် ခေါင်းကို ပြင်းပြင်းထန်ထန် ဆောင့်မိတာကြောင့် သတိလစ်သွားမှန်း ရုန်းသိလိုက်သည်။ သူမ ငယ်ငယ်တုန်းကလည်း ​လှေကားထစ်တွေပေါ်က ပြုတ်ကျပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ဆောင့်မိကာ သတိလစ်မေ့မြောသွားဖူးသည်။ သို့သော် ဒီတစ်ကြိမ် ခံစားချက်နဲ့တော့ မတူပေ။

ခေါင်းကို ထိခိုက်မိ၍ မူးဝေသတိလစ်သွားရသည့် ခံစားချက်က ဆိုးရွားလွန်းလှ၏။ လူတစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေသည်။

မြင်ကွင်းထဲတွင် ထူထဲနက်မှောင်သော မြူတွေဆိုင်းနေကာ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပေ။ နားထဲမှာတော့ အသံတွေကြားနေရသည်။ သို့သော် အသံတွေက ရောထွေးပြီး ဘာကိုမှ သေချာမကြားရချေ။ ပြင်းထန်သည့် ကားဘရိတ်သံကြီးကသာ နားစည်တစ်ခုလုံးကွဲထွက်မတတ် ပဲ့တင်ထပ်နေ၏။

ဘာဖြစ်တာလဲ?....

ဘာတွေလဲ?....

သူမက လေဟာနယ်မှာ မနားတမ်းပြေးနေရသလို မောပန်းနွမ်းနယ်လာသည်။

ရုန်း...

ဆက်မပြေးနဲ့တော့....

အသံတွေက နီးလာလိုက်၊ ဝေးသွားလိုက်ဖြစ်နေသည့်ကြားမှ လူတစ်ယောက်၏အသံကို ရုန်း သဲသဲကွဲကွဲ ကြားလိုက်ရသည်။

ရုန်း..ဆက်မပြေးနဲ့တော့..... အရှေ့မှာ အုတ်ခဲပုံကြီး ရှိနေတယ်......

သုသမိုင်း?

မိုင်း!

သူမ အနောက်ပြေးလိုက်နေသူက မိုင်းပဲ!

ရုန်း သူမကိုယ်သူမ မရပ်တန့်နိုင်ဘဲ ဝေဝေဝါးဝါး အသိစိတ်အာရုံတို့ကနေ ရုန်းထွက်ဖို့ကြိုးစားနေမိ၏။ သို့သော် ဘယ်လိုမှ မလွတ်မြောက်နိုင်သေးပေ။

အချိန်ဘယ်လောက်ကြာအောင် ရုန်းကန်နေရမှန်းမသိပေမယ့် အမျိုးမျိုးသောအသံတွေ တဖြည်းဖြည်းဝေးကွာသွားချိန်မှာတော့ ရှိရှိသမျှခံစားချက်အားလုံး ပျောက်ချင်းမလှ ပျောက်သွားခဲ့၏။

Lovingly DivorcedWhere stories live. Discover now