Part (28)

3.3K 138 4
                                    

♡" Lovingly divorced "♡

အပိုင်း (၂၈)

သူတို့ ပဲခူးမြို့ထဲ ဝင်လာတော့ ညနေအတော်လေးစောင်းနေပြီ။ ဖိုးပြည့်က မိုင်းနဲ့ရုန်း ညစာစားရန်အတွက် သန့်ရှင်းသပ်ရပ်သည့် ဆိုင်လေးတစ်ဆိုင်ရှာလိုက်သည်။

သူ့ဘော့စ်ဇနီးမောင်နံကို အဆင့်မြင့်ဟိုတယ်လ်ကြီးတွေအစား ထူးခြားပြီး ဆန်းသစ်သည့် တရုတ်ရိုးရာ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။

သူ့ဘော့စ်ရော မမလေးရုန်းပါ တရုတ်​ရိုးရာအစားအသောက်များကို နှစ်သက်ကြကြောင်း ဖိုးပြည့်သိထား၍ပင်ဖြစ်သည်။

ကားပေါ်က ဆင်းသည့်နှင့် မိုင်းက ရုန်းလက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်။ တစ်လမ်းလုံးလည်း ရုန်းကို ကပ်တွယ်နေသည်။ ဆိုင်ထဲဝင်ပြီး ထောင့်ကျသည့် စားပွဲတစ်ခုမှာ ထိုင်လိုက်ကြသည်အထိ မိုင်းက ရုန်းလက်ကို လွှတ်မပေး သေးပေ။

ရုန်းကလည်း မိုင်းအလစ်ကို စောင့်နေသူမှို့ နှစ်ယောက်သားက မြွေမြွေချင်း ခြေမြင်ကြသည်။ ဒီလူ လက်ထဲက လွတ်မြောက်နိုင်မယ့် နည်းလမ်းကိုသာ တစ်ချိန်လုံး စဉ်းစားနေမိသည်။

ဖိုးပြည့်ခေါ်လာသည့် ဆိုင်လေးက သိပ်မကြီးလှသော်လည်း အတွင်းဘက်၌ ရှေးဟောင်းတရုတ်ရိုးရာနန်းတွင်းအသုံးအဆောင် ပစ္စည်းများဖြင့်သာ အလှဆင်ထားတာကြောင့် ထီးရိပ်နန်းရိပ်ဆန်စွာ ခမ်းနားထည်ဝါလှသည်။

"ချင်းချောင်း" ဟုအမည်ပေးထားသော ထိုဆိုင်လေးရှိ ဝန်ထမ်းတွေကအစ ဆိုင်ရှင်အဆုံး တရုတ်ရိုးရာအဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပုံကလည်း ဆွဲဆောင်မှု တစ်ခုပင်ဖြစ်သည်။

ဆိုင်ထဲတွင် အေးစက်သည့်လေထုအခြေအနေတစ်ခုရှိပြီး အားလုံးက တိတ်တဆိတ်သာ စားသောက်နေကြသည်။

ဒီဆိုင်လေးက ဆိုင်ထဲဝင်လာသူတိုင်းကို ထူးဆန်းသည့် ခံစားချက်တစ်မျိုး ပေးစွမ်းနိုင်တာတော့အမှန်ပင်။

သူတို့ အစားအသောက်တွေ မှာယူပြီ၍ စောင့်နေကြစဉ် တရုတ်ရိုးရာဝတ်စုံကို အထက်အောက်အကျအန ဝတ်ဆင်ထားသူတစ်ဦးက သူတို့ စားပွဲဝိုင်းရှိရာဆီ လျှောက်လာနေသည်။ မိုင်းက ထိုသူကို မျက်လုံးတစ်ချက်သာ လှန်ကြည့်လိုက်သည်။

Lovingly DivorcedМесто, где живут истории. Откройте их для себя