Part (20)

4.6K 132 6
                                    


[Unicode]

♡" Lovingly divorced "♡

အပိုင်း (၂၀)

ဒီတစ်ခေါက် နွေရာသီကျောင်းပိတ်ရက်မှာတော့ မိုင်းတစ်ယောက် အရင်နှစ်တွေကထက်ပိုပြီး အလုပ်ရှုပ်ရလေသည်။

သူ့မာမီတက်ခိုင်းသမျှ ဘာသာစကားသင်တန်းတွေအပြင် တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်းလည်း ရုန်းမာမီဒေါ်ခင်သစ္စာဆီမှာ တယောပညာသင်ယူရလေသည်။

တကယ်တမ်းမှာ မိုင်းက တယောပညာကို စိတ်ဝင်စားလွန်း၍ မဟုတ်ဘဲ ကျောင်းတွေ ပိတ်သွားပြီးသည့်နောက် ရုန်းနှင့်အဆက်အသွယ်ပြက်သွားမှာစိုး၍ ဖြစ်သည်။ ဘုန်းသိဒ္ဓိမောင်တစ်ယောက်လည်း မိုင်းနဲ့အတူ ရုန်းမာမီဆီမှာ တယောသင်တန်း လိုက်တက်လေသည်။

ရုန်းမှာ အပြင်ထွက်လည်ခွင့်မရှိတာကြောင့် 'Stars Light Villa' ကြီးအတွင်းမှာသာ သူမ၏ခွေးကလေးနှစ်ကောင်နှင့် ကစားရသည်။ မိုင်းတို့လာတဲ့နေ့တွေဆိုရင် သူမအရမ်းပျော်နေခဲ့၏။

ဒေါ်ခင်သစ္စာက သူတို့ကို တစ်နေ့မှာ တစ်နာရီသာ တယောသင်ပေးတာကြောင့် ကျန်တဲ့အချိန်တွေကို ရုန်းအတွက် ပေးဖြစ်သည်။

ရုန်းက သူမတို့အိမ်မှ အကူအဒေါ်ကြီး အန်တီပြုံးကို မိုင်းနဲ့မောင်ကြိုက်တဲ့ ဟင်းတွေကို ချက်ခိုင်းပြီး နေ့လည်စာ အတူစားကြသည်။

မိုင်းက ငါးကင်အရမ်းကြိုက်မှန်း ရုန်းအသေအချာ သိနေခဲ့သည်။ ထို့ကြောင့် တနင်္ဂနွေနေ့တိုင်း အိမ်မှာငါးကင်လုပ်ပေးဖို့ အန်တီပြုံးကို ရုန်းအမြဲမှာထားတတ်သည်။ မောင်ကတော့ ကျောက်ပုစွန်ကြိုက်တဲ့သူ၊ ရုန်းက ကြက်ဥလိပ်ကြော်... ဒီသုံးယောက် ထမင်းအတူစားတိုင်း ဒီဟင်းသုံးမျိုးက မပါမဖြစ် သင်ကေတတစ်ခုလိုဖြစ်နေခဲ့သည်။

ညနေရောက်လို့ မိုင်းတို့ပြန်သွားပြီဆို ရုန်းတစ်ယောက်တည်း ငေးမှိုင်နေတတ်ပြီး..တစ်ပက်လုံး ငိုင်ငိုင်တွေတွေနှင့် နောက်တစ်ပတ် တနင်္ဂနွေ မြန်မြန်ရောက်လာဖို့ ဆုတောင်းနေမိသည်။

ရုန်းဒယ်ဒီဦးသက္ကကျော်က 'Stars Light Villa' ထဲကို လူစိမ်းတွေဝင်တာလည်း သဘောမကျပေ။ မိုင်းနဲ့ဘုန်းသိဒ္ဓိမောင် နှစ်ယောက်ကိုတောင် အမြဲမျက်စိတောက်ထောက် ကြည့်တာခံရသည်။

Lovingly DivorcedDonde viven las historias. Descúbrelo ahora