Part (33)

3.1K 121 7
                                    


♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡

အပိုင်း (၃၃)

ရုန်းမျက်လုံးလေးတွေ ပြန်ဖွင့်လာနိုင်ချိန်တွင် ပထမဆုံးတွေ့လိုက်တာက သူမကို စိုးရိမ်ပူပန်မှုတွေပြည့်နေသည့် မျက်ဝန်းများဖြင့် အနားမှာ စောင့်ပေးနေသည့် ရွှေရွှေ့ကိုပင်။

" ရုန်း!..နောက်ဆုံးတော့ ရှင်နိုးလာပြီပေါ့လေ..စိတ်ပူလိုက်ရတာ ရုန်းရယ် "

ရွှေရွှေက အပြုံးလေးတစ်ခုနှင့် ရုန်းလက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ ပြောလိုက်သည်။

ရုန်းကိုယ့်ကိုကိုယ် 'ဒါက အိမ်မက်ဆိုးတစ်ခု မက်နေခဲ့တာပါလို့' အကြိမ်ကြိမ် နှစ်သိမ့်နေပေမယ့် ဆုတောင်းတွေမပြည့်ဝခဲ့ပေ။

" နေလို့ရော ကောင်းရဲ့လား. ခေါင်းရောမူးနေသေးလား...ဘယ်နားတွေက နေလို့မကောင်းဘူးလဲ?"

ရွှေရွှေစိတ်ပူစွာ မေးလိုက်တော့ ရုန်း ခေါင်းအသာ ရမ်းပြလိုက်သည်။

သူမ ဘယ်နေရာတွေကပဲနာနာ နှလုံးသားက နှာကျင်မှုကိုတော့ ဘယ်အရာကမှ မကျော်လွှားနိုင်ပါပေ။

" တော်သေးတာပေါ့.. ရုန်းရယ် "

ရွှေရွှေလည်းအခုမှ သက်ပြင်းချနိုင်သွားပုံပင်။

ရုန်း ရွှေရွှေ့ကို ပြန်ငေးကြည့်နေမိသည်။ ရွှေရွှေဟာ ဘယ်အချိန်ဖြစ်ဖြစ် သူမအနားမှာ အမြဲရှိနေပေးတတ်တဲ့ သူငယ်ချင်းကောင်းလေးပင်။

" ဒီတစ်ခေါက် ရှင်သတိလစ်သွားတာ တော်တော်ကြာတယ်...ဒီနေ့ဆို နှစ်ရက်တောင်ရှိပြီ "

"...နှစ်....ရက်?"

" အင်း နှစ်ရက်ရှိပြီ "

ရုန်း လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့သည်။ ရက်တောင် ရှိသွားပြီပေါ့။ ဒါဆို မိုင်းကိုလည်း သူတို့ သင်းဂြိုဟ်လိုက်ကြပြီပေါ့။ ရုန်း မျက်လုံးတွေကို ပြန်မှိတ်ချလိုက်တော့ မျက်ရည်ပူတွေက သူမနားထင်မှတဆင့် ဆံနွယ်တွေကြား တလိမ့်လိမ့် စီးဝင်သွားကြသည်။

" သူ..မ ရှိတော့ ဘူး...ပေါ့ "

ရုန်းအသံက ခြောက်သွေ့အက်ကွဲနေက အလွန်တိုးလျလှသည်။

Lovingly DivorcedWhere stories live. Discover now