Part (6)

7.8K 225 10
                                    

[ Scroll down for Zawgyi]

♡" Lovingly divorced "♡

အပိုင်း( ၆ )

စိတ်အလိုမကျမှုကြောင့် မျက်ဝန်တို့ကို မှေးစင်းထားသည့်အခါ တိုစိပ်စိပ်မျက်တောင်ဖျားတို့က နက်ရှိုင်းသည့်မျက်ဝန်းညိုတစ်စုံကို ဝန်းရံကာကွယ်နေကြသည်။

လက်ထဲက ဝိုင်ခွက်ကို ခပ်သာသာလှုပ်ခါရင်း ဖိတ်စင်ထွက်လာသည့် ဝိုင်စက်တွေကို ကြည့်ကာ ခပ်လှောင်လှောင်ပြုံးမိလိုက်သည်။

စောစောက သူမကိုယ်လေးပေါ်မှာ သောက်သုံးခဲ့ရသည့် ဝိုင်အရသာနှင့်တော့ ဘယ်တူပါ့မလဲ...။

သူ သက်ပြင်း ဖွဖွရှိုက်လိုက်ရင်း ရှေ့က စားပွဲဝိုင်းလေးပေါ် ခြေတံရှည်တို့ကို ဆန်တင်လိုက်သည်။

အချိုးအစားကျနသည့် ကိုယ်နေဟန်ပြေပြေက...တံတားဖြူဖြူလေးထက်က သျှားညိုရောင်သစ်သားထိုင်ခုံလေးရဲ့နောက်ကျောကို ခပ်လျော့လျော့မှီကာ ထိုင်လိုက်သည်။

ဒီနေရာက မြနန်းမဟာ၏တတိယမြောက် အပန်းဖြေရေကန်..ဒီဗီလာကြီးတစ်ခုလုံးမှာ ထိကရုန်းက ဒီနေရာကို သဘောအကျဆုံးထင့်...သူမ စိတ်မကြည်တိုင်း ဒီနေရာမှာ ပန်းချီဆွဲလေ့ရှိသည်။

ညဦးပိုင်းက နှစ်ယောက်သား ချစ်ရည်လူးပြီးနောက် သူက ဒီနေရာကို ထွက်လာခဲ့ခြင်းဖြစ်သည်။ သူမကတော့ အတော်လေး ပင်ပန်းသွားပုံရပြီး သန့်ရှင်းရေးတောင် သူကိုယ်တိုက် လုပ်ပေးခဲ့ရသည်။

ကန်ရေပြင်ကို ဖြတ်တိုက်လာသည့် လေပြည်က လူကိုအတော်လေး သက်တောင့်သက်သာဖြစ်စေသည်။ သို့သော် သူ့စိတ်ထဲက မတင်မကျဖြစ်နေမှုကိုတော့ မကယ်တင်နိုင်ပေ။

အသက်ပြင်းပြင်းရှူ၍ မျက်လုံးတွေကို မှိတ်ချလိုက်တော့ သူ့အမြင်အာရုံတွင် မျက်နှာလေးတစ်ခုက ချက်ချင်း နေရာယူလာသည်။

လေပြည်အဝှေ့လာတိုင်း..ရေကန်ဘေးတစ်ဖတ်တွင် တောထမတတ်ညီညာစွာ စိုက်ထားသည့် လက်ဘက်နှင်းဆီပင်များမှ ရနံ့ပျပျလေး ဆောင်ကျဉ်းလာတတ်သည်။

Lovingly DivorcedOnde histórias criam vida. Descubra agora