အပိုင်း (9)

6.2K 157 3
                                    


[Scroll down for Zawgyi]

♡" Lovingly divorced "♡

အပိုင်း(၉)

ရုန်းဘယ်လိုမှ ဆောက်တည်ရာမရ..တည်ငြိမ်အောင်ကြိုးစားလို့လည်းမရပေ။ မေမေ့ဖုန်းက ဘာလို့အချိန်တိုင်းခေါ်ရမရဖြစ်နေတာလဲ..??

ပြီးတော့ ခုလေးတင် ဥတျာဆက်ရဲ့အဖြစ်ကရော..တကယ်ပဲ သုသမိုင်းဆိုတဲ့ သူ​တော်​ကောင်းပုဂ္ဂိုလ်ကြီးရဲ့ပရောဂ​ရော ကင်းရဲ့လား...ရုန်းအမှတ်မမှားဘူးဆိုရင် ဖာရာရီ(ferrari) ပြိုင်ကားအနီရောင်လေးကို မြင်ဘူးနေတာအမှန်...။

ဟုတ်ပြီ!..ဒယ်ဒီ။ ရုန်းအတွေးထဲ ဖျက်ကနဲတစ်ချက် လက်သွားသည်။ ဒယ်ဒီကတော့ကျိန်းသေပေါက်သိနေရမယ်..

အားကိုးရာရှာတွေ့သွားပြီမို့ ရုန်းနည်းနည်းတော့ စိတ်သက်သာသွားသည်။အဝတ်အစား ခပ်သွက်သွက်လဲလိုက်ပြီး ခြံထဲသို့ ပြေးဆင်းလာမိသည်။

"ကိုဖို့ပြည့်.."

သက်တော်စောင့် ဖိုးပြည့်က အမြဲအသင့်ရှိနေဟန်နှင့်...

"အမိန့်ရှိပါမမလေး"

"ရုန်းအခု..'Stars House 'ကိုသွားမယ်..ဒယ်ဒီနဲ့အမြန်ဆုံးတွေ့ချင်တယ်.."

"ဟိုမမလေး...အဲ့ဒါက..မမလေး "

ကြောင်တိကြောင်တောင်နဲ့အရှေ့က လူကိုကြည့်​ပြီးး ရုန်းစိတ်မရှည်တော့..

"ဘာလဲ..ရုန်းက ကိုယ့်အဖေဆီသွားတာတောင်..ရှင်တို့သခင်လေးရဲ့ခွင့်ပြုချက်လိုသေးလား.."

ဒေါသကြောင့် ရုန်းနှာခေါင်းထဲတောင်ချဥ်စူးနေသလိုခံစားလာရသည်။

" ရှင်မလုပ်ရဲဘူးလား..ပြောလေ.."

ဖိုးပြည့်က တုံ့ဆိုင်းနေပြီး ရုန်းကို တားဖို့ကြိုးစားလိုက်သည်။

"ကိုဖိုးပြည့်..ရှင်မလိုက်လည်းရတယ်..ရုန်းကိုတော့မတားပါနဲ့..ရုန်းသတိပေးထားရက်နဲ့မှ တားနေမယ်ဆိုရင်ရုန်းက မယဥ်ကျေးတတ်ဘူးနော်.."

အမြဲ မျက်စိအောက်မှာထားပြီး အရာရာသတိထားအကြည့်ခံနေရအောင် ရုန်းကတရားခံမှမဟုတ်ဘဲ...

လမ်းကို ပိတ်ရပ်ကာ ခါးညွှတ်ထားသည့် ဖိုးပြည့်ကို ရုန်းတွန်းပြီး ထွက်လာခဲ့သည်။

Lovingly DivorcedDonde viven las historias. Descúbrelo ahora