Part (17)

4.7K 148 16
                                    


[Unicode]

♡" Lovingly divorced "♡

အပိုင်း ( ၁၇ )

"နင်က မိုင်း!...မိုင်းမိုင်းလား ?"

" အွန်း..ဟုတ်တယ်.. မိုင်းမိုင်း.. မိုင်းမိုင်း "

မိုင်းက အရူးမကြီးကို ​ခပ်မြန်မြန်ပင်ခေါင်းပြလိုက်သည်။

" ငါ့...မိုင်းမိုင်းလေး!!...ဟီးဟီး...အဟား ဟား...ငါ့ မိုင်းမိုင်းလေး ရောက်လာပြီပေါ့ "

အရူးမကြီးက ရွှံ့တွေပေကျံနေသည့် သူမလက်ချောင်းများဖြင့် မိုင်းမျက်နှာကို ပွတ်သပ်နေသည်။ မိုင်းက ရယ်၍ အရူးမကြီးကျောပြင်ကို ပွတ်သပ်ချော့မြူလိုက်သည်။

" ထားထားအတွက် ကျွန်တော် မုန့်တွေအများကြီး ဝယ်လာတယ်...အစားများများစားရမယ်နော် "

" နင်ပြောတော့...ငါ့အတွက် ကစားဖော် ခေါ်လာပေးမယ်ဆို...ဘယ်မလဲ...ငါ့ကစားဖော် "

အရူးမကြီးက ထပ်မေးလိုက်တော့ မိုင်းက ခပ်ဖြည်းဖြည်းထရပ်လိုက်ကာ ရုန်းဘက်လှည့်ကြည့်လာသည်။ ထို့နောက်..

" ဟိုမှာ...ခေါ်လာတယ်ဗျာ...ထားထားအတွက် ကစားဖော်ကသူပဲ"

".........."

မိုင်းက ရယ်ကာ ရုန်းကို လက်ညှိုးထိုးပြလိုက်သည်။ သူ့အပြုအမူကြောင့် ရုန်းကြောင်အသွားခဲ့ရသည်။

" ......သုသမိုင်း...ရှင်!! "

ရုန်း ဒေါသဖြစ်စွာ အော်လိုက်ပေမယ့် ဘာဆက်ပြောရမှန်းမသိပေ။ မြေပြင်ပေါ် ဖင်ချထိုင်နေသည့် အရူးမကြီးက ရုန်းကို တောက်ပသည့် မျက်ဝန်းများဖြင့် ကြည့်လာပြီး....

" ငါ့ကစားဖော်လေး..လာ သွားကစားကြမယ်...လာ...လာခဲ့ "

ပြောပြီးသည်နှင့် အတင်းကုန်းထကာ ရုန်းအနားသို့ တိုးကပ်လာသည်။ ရုန်းခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူမငယ်စဉ်ကတည်းက အရူးတို့ စိတ်မနှံသူတို့ဆိုရင် အရမ်းကြောက်ခဲ့သည်။ အခုအရွယ်ထိလည်း မြင်သည်နှင့် ကြက်သည်းများထကာ ဝေးဝေးမှ ရှောင်သွားတတ်သည်။

" ထားထားနဲ့ ခဏလောက် အဖော်လုပ်ပေးလိုက် "

မိုင်းက ရုန်းကိုပြောလိုက်သည်။

Lovingly DivorcedDonde viven las historias. Descúbrelo ahora