Part (7)

7K 210 12
                                    


[ Scroll down for zawgyi]

♡" Lovingly divorced "♡

အပိုင်း ( ၇ )

ဒေါသကြောင့် ဟွန့်ကနဲ မဲ့လိုက်တော့ လှပစွာလိမ်းချယ်ထားတဲ့ ဒေါ်ခင်သစ္စာမျက်နှာက အကျည်းတန်သွားခဲ့၏။

သုသမိုင်းဆိုတဲ့သတ္တဝါက ပေါ့သေးသေးအချိုးမဟုတ်ဘူးဘဲ...

မျက်နှာတစ်ချက်မဲ့လိုက်ကာ လက်ကျန်ဝိုင်ခွက်ကိုအကုန်မော့သောက်လိုက်သည်။

ဘာတဲ့!..ချစ်လို့ပဲယူယူ..အတွက်အချက်ချပြီးပဲယူယူ..ထိကရုန်းဆိုတဲ့မိန်းကလေးက..အမြဲတမ်း သူ့ခြေရင်းမှာခစားနေရမယ်တဲ့လေ...

လူပါးဝ.လိုက်တဲ့အရိုင်းအစိုင်း!

ကွာရှင်းခဲ့မယ်ဆိုရင်တောင် ထိကရုန်းကို သက်ရှိလူသားအနေနဲ့တော့ မဖြစ်နိုင်ပါဘူးတဲ့လေ..

ပြီးတော့..ကိုယ့်အိမ်တွင်းရေးပြဿနာကိုမဖော်စေချင်ရင် သူများအိမ်တွင်းရေးကို လာမပတ်သက်ပါနဲ့တဲ့..

ယဉ်ကျေးမှုနတ္ထိ...စကားလုံးတိုင်းက ဓားတစ်စင်းလို။

ဒေါ်ခင်သစ္စာ နေ့လည်က သုသမိုင်းနှင့်တွေ့ဆုံမှုကို ပြန်တွေးရင်း သွေးတက်လုမတက်ဖြစ်နေရသည်။

ကိုယ့်အစွမ်းအစကိုယုံပြီး လုပ်ချင်သပဆိုရင်လည်း..ဒေါ်ခင်သစ္စာသဘောပါတဲ့လေ...

သင်းက ဘာတွေများသိထားလို့လဲ..သင်းက ဘာနဲ့များခြိမ်းခြောက်ချင်ရတာလဲ..

အဟွန်းးးးးဟွန်းးးးဟွန်း

ဒေါ်ခင်သစ္စာက ဖန်ခွက်ကို စားပွဲပေါ် ခပ်ဆောင့်ဆောင့်ချလိုက်ပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

ခင်သစ္စာဆိုတဲ့မိန်းမကလည်း လိုချင်တာရဖို့ဆိုရင်..ဘယ်သူ့ကိုမှချနင်းဖို့ဝန်မလေးဘူးဆိုတာ ပြရတာပေါ့လေ...

အပြုံးလှလှနဲ့အတူ..ဖုန်းနံပါတ်တစ်ခုကို အေးစက်သည့် လက်ချောင်းများနှင့် နှိပ်ခေါ်လိုက်သည်။

ဖုန်းဝင်သွားပြီး သိပ်မကြာ တစ်ဖက်မှ ချက်ချင်း ဖုန်းကိုင်လေသည်။

"ဟယ်လို!..ဦးမင်းမခလား..ခင်သစ္စာပါရှင်.."

"........"

Lovingly DivorcedWhere stories live. Discover now