Part (35)

3.3K 140 6
                                    

♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡

အပိုင်း (၃၅)

" မိုင်း...ရှင့်ကို နောက်တစ်ခါ ထွက်သွားခွင့်မပြုနိုင်တော့ဘူး "

ရုန်း သတိလက်လွတ်ရေရွတ်ရင်း လှေကားထစ်တွေအတိုင်း အားသွန်ခွန်စိုက် ပြေးဆင်းလာပြီး

" မိုင်း!...ရှင် ထွက်မသွားရဘူး..."

ခြံထဲသို့ တောက်လျှောက်ပြေးနေမိသည်။

တတိယမြောက်အပန်းဖြေရေကန်ဘေးက အနီရောင်လက်ဘက်နှင်းဆီပင်တွေကြားမှာ မိုင်းရှိနေသည်။

မိုင်းက သူမထံ မျက်လှည့်ဆန်ဆန် ပြန်လာခဲ့ပြီပေါ့!

တကယ်ပဲ ရှင်ပြန်လာပြီလား?

စောစောက သူမမြင်လိုက်ရတဲ့ အဲ့ဒိနောက်ကျောက မိုင်းမှမိုင်းအစစ်ပဲ။ တစ်သက်လုံး အမြဲတမ်းမှတ်မိနေတဲ့ နောက်ကျော!...ဘယ်လိုမှ မှားနိုင်စရာမရှိပေ။

" မိုင်း...ရှင့်ကို ကျွန်မအနားကနေ ဘယ်တော့မှ ထွက်သွားခွင့်မပြုနိုင်ဘူး"

"ရှင်... ရှင်းပြတာတွေ နားထောင်ချင်လို့ ကျွန်မ 'မြနန်းမဟာ'ကို ပြန်လာခဲ့တာနော်.."

ရုန်း ရင်တွင်းစကားတွေကို တီးတိုးဆိုရင်း ထိုနေရာကိုသာ အားစိုက်ပြေးနေသည်။

ခပ်ရေးရေးသာနေတဲ့လရောင်က 'မြနန်းမဟာ' ဗီလာကြီးတစ်ခုလုံးကို ဖြန့်ကျက်ထားသည်။ လေပြေလေညှင်းကလေးတွေကလည်း မွှေးပျံ့သည့် ပန်းရနံ့တို့ကို သယ်ဆောင်နေကြ၏။

တတိယမြောက် အပန်းဖြေရေကန်က 'မြနန်းမဟာ' ခြံကြီးရဲ့ မြောက်ဘက်မှာရှိပြီးကန်ဘောင်တစ်လျှောက်တွင် အနီရောင် လက်ဘက်နှင်းဆီပင်တွေကို အတန်းလိုက်စိုက်ပျိုးထားသည်။ အဆုပ်လိုက်၊ အခိုင်လိုက်ပွင့်ဖူးနေကြသည့် ပန်းရနံတို့က မွှေးပျံကြိုင်လှိုင်နေသည်။

ထိုအရာတွေနှင့်အတူ ပါးလှပ်လှပ်ပုံရိပ်လေးက လရောင်ဖျော့ဖျော့အောက်မှာ ပြေးလွှားနေခဲ့သည်။

ရေကန်နားသို့ နီးကပ်လာသည်နှင့်အမျှ ရုန်း ရင်ဘက်ထဲမှ နှလုံးသားက လည်ချောင်းကနေ အစိမ်းလိုက် အန်ထွက်လာတော့မတတ် ပို၍ပင် တဒိန်းဒိန်းခုန်လှုပ်လာသည်။

Lovingly DivorcedTempat cerita menjadi hidup. Temukan sekarang