Part (19)

4.3K 126 1
                                    

♡" Lovingly divorced "♡

အပိုင်း ( ၁၉ )

ညနေခင်းတစ်ခုတွင် 'Moon Group' ပိုင် ကားတစ်စီးသည် 'ဂုဏ်ရောင်ထည်' ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့၌ ရပ်စောင့်နေသည်မှာ တစ်နာရီမကတော့ပေ။ အကြောင်းမှာ ရပမ်ဇယ်လ်လေးသျှင်ထိကရုန်းစံတို့အိမ်မှလာကြိုမညိ့ကား ရောက်မလာသေး၍ ဖြစ်သည်။

ထို့ကြောင့် မိုင်းနှင့်ဘုန်းသိဒ္ဓိမောင်ကပါ မပြန်ကြသေးဘဲ ရုန်းနှင့်အတူ စောင့်ပေးနေကြသည်။

မိုင်းက ရုန်းကိုတစ်ယောက်တည်းမထားခဲ့နိုင်၍ ရုန်းအိမ်က လာကြိုမည့်အချိန်ထိ စိတ်ရှည်လက်ရှည်စောင့်ပေးနေသည်။ ဘုန်းသိဒ္ဓိမောင်ကလည်း မိုင်းရှိတဲ့အရပ်မှာသာ နေလိုသူမှို့ မိုင်းနဲ့အတူ စောင့်ပေးနေခြင်းဖြစ်သည်။

ကျောင်းဝင်းထဲတွင် ကျောင်းသား၊ ကျောင်းသူတွေ တစ်ယောက်မကျန်အကုန်ပြန်သွားကြပြီဖြစ်သော်လည်း ရုန်းအိမ်က လာကြိုမည့်ကားကိုတော့ အရိပ်အယောင်ပင်မမြင်ရသေးပေ။

ရုန်းအိမ်က လာကြိုမယ့်ကားကို စောင့်ရင်း သူတို့သုံးယောက် မိုင်းရဲ့ကားပေါ်တွင် အိမ်စာတူတူလုပ်နေကြသည်။

အိမ်စာရေးနေရင်း ဘုန်းသိဒ္ဓိမောင်က တစ်ခါတစ်ခါ ရယ်စရာတွေ ထပြောတတ်သည်။

မိုင်းက အနေတည်ပြီးစကားနည်းသော်လည်း ဘုန်းသိဓ္ဓိမောင်နဲ့တွေ့ရင်တော့ သူမပြုံးပဲမနေနိုင်ပေ။ ထိုကောင်လေးက ရယ်စရာတွေ ပြောတတ်လွန်း၏။

ရုန်းကတော့ ဘုန်းသိဒ္ဓိမောင်ရယ်စရာပြောလိုက်တိုင်း ပခုံးလေးတွေ လှုပ်ခါ သွားသည်အထိ အားရပါးရရယ်မောနေ၏။

ဘုန်းသိဒ္ဓိမောင်နဲ့ သူငယ်ချင်းဖြစ်ရတာ တစ်ခါတစ်လေ စိတ်ရှုပ်သရာကောင်းပေမယ့် သူက မိုင်းနဲ့ရုန်းအပေါ်မှာတော့ တော်တော်လေးကောင်းရှာသည်။

" မောင်!!..နင်စိတ်ညစ်ရင် ဘာလုပ်တတ်လဲ?"

ရုန်း အိမ်စာရေးရတာ နည်းနည်းပျင်းလာတာကြောင့် လက်ထဲမှဘော့စ်ပင်လေးကို လှည့်နေရင်း ဘုန်းသိဒ္ဓိမောင်ကို မေးလိုက်သည်။

ဘုန်းသိဒ္ဓိမောင်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

" သီချင်းအကျယ်ကြီး အော်ဆိုတယ်လေ "
ဒါက လူတိုင်းဖြေနေကျ အဖြေတစ်ခုပဲလေ...စိတ်ထွက်ပေါက်ရအောင် သီချင်းအကျယ်ကြီး အော်ဆိုလိုက်တာတို့ ဘာတို့ပေါ့...။ ရုန်းက ဘုန်းသိဒ္ဓိမောင်ရဲ့အဖြေအပေါ် စိတ်ကျေနပ်မှုမရှိပုံဖြင့် မော့ကြည့်လာသည်။

Lovingly DivorcedDonde viven las historias. Descúbrelo ahora