Part (1)

10.6K 224 5
                                    

[Scroll down for zawgyi]


Part (1)

ခပ်ရေးရေးသာနေသော လရောင်က သဘာဝဆန်ဆန်အနားသတ်ထားသည့် ကန်ရေပြင်ထက် ဖြာကျနေပုံက ဇာပဝါပါးလေးလွှမ်းခြုံထားသည့်နယ်...

အစိမ်းရင့်ရောင်ကြာရွက်ဖားဖားကြီးတွေခြံရံလျက် ငွားငွားစွင့်စွင့်းပွင့်ဖူးနေကြသော ကြာပန်းဖြူများ၏ပွင့်ဖက်လွှာကလေးများသည် တစ်ချက်တစ်ချက်လှုပ်ခက်သွားတတ်သော ကန်ရေပြင်ထက်တွင် လေပြည်နှင့်အတူ ယိမ်းနွဲ့ကခုန်နေကြသည်။

ဧကပေါင်းများစွာကျယ်ဝန်းသော ခြံကြီးထဲတွင် တည်ရှိနေသည့် ဆိတ်ငြိမ်ဗီလာကြီးတစ်ခု၏လပြည့်ညလေးက ဂန္ထဝင်ဆန်ဆန်တည်ငြိမ်လှပနေ၏။

သင်းပျံသော ပန်းရနံများက ညလေညှင်းကလေးတွေရဲ့သယ်ဆောင်မှုနှင့်အတူ 'မြနန်းမဟာ' ခြံကြီးအတွင်း ပျံ့လွင့်နေကြသည်။

ခြံကြီး၏အနောက်ဘက် ကွန်ကရစ်လူသွားလမ်းဘေးတလျှောက်တွင် ပင်လုံးညွတ်ပွင့်ဖူးနေကြသည့် ဆူးမဲ့နှင်းဆီလို့ခေါ်သမုတ်သော လက်ဘက်နှင်းဆီပင်များကို စနစ်တကျအတန်းလိုက်စိုက်ပျိုးထားတာကြောင့် လေယူရာသင့်သလို ယိမ်းနွဲ့နေကြပြီး..ပွင့်ချပ်ချင်းပြိုင်ကာ အလှကြီးလှနေကြသည်။

လမ်း၏နောက်တစ်ဖက်ခြမ်းတွငတော့်နိုင်ငံခြားဖြစ် အလှဆင်မြက်ခင်းစိမ်းစိမ်းများကို စကျင်ကျောက်ပြားဖြူဖြူလေးများဖြင့် ညီညီညာညာအနားသတ်ခင်းကျင်းထားသည်။

ညီညာပြန့်ပြူးသော ကွန်ကရစ်လမ်း၏အဆုံးမှာတော့ ကြာပန်းဖြူဖြူတွေချည်းသာ သီးသန့်ပွင့်ဖူးနေသည့် လူလုပ်ရေကန်ကျယ်ကြီးက သဘဝဆန်စွာတည်ရှိနေသည်။

ကွန်ကရစ်လမ်းအဆုံး ကမ်းစပ်မှသည်ရေကန်အလယ်အထိ..အဖြူရောင်ဆေးသုတ်ထားးသည့် သစ်သားတံတားဖြူဖြူလေးတစ်ခုရှိနေပြီး ထိုတံတားလေးထက်တွင် လှပသည့်မိန်းကလေးးတစ်ယောက် အေးစက်စွာရပ်နေခဲ့သည်။

ဒေါနစိမ်းရောင်ပိုးသားဂါဝန်ရှည်လေးကလေပြည်နှင့်အတူ တဖျပ်ဖျပ်လွင့်ခါနေပြီး နက်မှောင်ရှည်လျားသည့်ဆံနွယ်ရှည်တွေကို အစိမ်းရင့်ရောင်ပိုးစကြိုးမျှင်လေးတစ်ချောင်းဖြင့်သာ ကပိုကယိုစည်းနှောင်ထားတာမို့ ဖြူနုသွယ်လျသည့်ခြေကျင်းဝက်ထိတိုင် ဝဲဖြာကျနေသည်။

Lovingly DivorcedHikayelerin yaşadığı yer. Şimdi keşfedin