Chapter 5

617 55 0
                                    

ရွှီချင့်သည် ဓာတ်လှေကားမှနောက်ဆုံးထွက်ခဲ့ပြီး ရှောင့်ရိရှောင်းကအရှိန်လျှော့လိုက်ပါတယ်။

ရွှီချင့်က "ဘာကြည့်တာလဲ.."

ရှောင့်ရိရှောင်း : "စုန့်ယန့် အကြောင်းစဉ်းစားနေတာလား?"

ရွှီချင့်က လျစ်လျူရှုလိုက်ပြီး "သူ့အကြောင်း ဘာများစဉ်းစားစရာရှိလို့လဲ"

ရှောင့်ရိရှောင်း ခဏတာစကားမပြောဘဲပြုံးကာ ရွှီချင့်ခေါင်းကိုပဲပြင်းထန်စွာပွတ်သပ်လိုက်တယ်

..........

မရေမရာသောမီးအလင်းရောင်နှင့် သီချင်းဟောင်းတစ်ပုဒ်က စခရင်ပြင်ပေါ်တွင်အသံနိမ့်နိမ့်ဖြင့်ဖွင့်ထားသည်။  အရက်ထည့်ပေးသူနှစ်ယောက်က ကော်ဖီစားပွဲဘေးမှာထိုင်လျက် ရေနဲ့ ဝိုင်တွေထည့်ပေးနေကြတယ်။

ရွှီချင့်က သန့်စင်ခန်းထဲဝင်သွားကာ မုန့်ရန့်ချန် ကဆိုဖာပေါ်မှာရေသောက်နေသည်။ ရှောင့်ရိရှောင်း သူ့ဘေးမှာ ထိုင်ပြီး သူ့ကိုတွန်းလိုက်ပါတယ်။

မုန့်ရန့်ချန်ခွက်ထဲကရေဖိတ်သွားမလိုဖြစ်၍: "ဘာလဲ"

ရှောင့်ရိရှောင်း : "မင်းပတ်ဝန်းကျင်မှာ မကြာသေးခင်အတွင်းမိန်းကလေးတွေရှိလား"

မုန့်ရန့်ချန်ခေါင်းယမ်းလိုက်သည်။

ရှောင့်ရိရှောင်း က သူ့ညီလေး*ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းတခုခုဖုံးကွယ်ထားတာလား ကောင်လေး?" (Tn/လူညီလေးမဟုတ်ပါဘူး🌝)

မုန့်ရန့်ချန်က သူ့ကို ပေါ့ပေါ့ပါးပါးကြည့်ပြီး "မင်း စမ်းကြည့်ချင်လား"

ရှောင့်ရိရှောင်း က ရွံရှာပုံဖြင့် "ယီးပဲ..ငါယောက်ျားချင်းစိတ်မဝင်စားဘူး"

အရက်ထည့်ပေးတဲ့မိန်းကလေးတစ်ယောက်ကရယ်လိုက်တော့ ရှောင့်ရိက စိတ်ဆိုးဟန်နှင့်"မင်းကဘာရယ်တာလဲ? ဟမ်?"

၎င်းသည် သူစိတ်မဆိုးကြောင်းသိသဖြင့် ပို၍ပင် ပြုံးနေခဲ့သည်။

ရှောင့်ရိရှောင်း က မုန့်ရန့်ချန် မျက်နှာဘက် လှည့်လိုက်ပြီး "မင်းတို့နှစ်ယောက်ကို မေးမယ်..သူကရုပ်ချောလား?"

မုန့်ရန့်ချန် သည် ရှောင့်ရိရှောင် လက်ကိုဖယ်လိုက်ပြီး "သွားစမ်းပါ"

Waiting for you in a city (MM translation)Where stories live. Discover now