Chapter 22

466 45 4
                                    

စုန့်ယန့်သည် စင်္ကြံပေါ်တွင် ရပ်ကာ ဆေးလိပ်သောက်နေသည်။ ရွှီချင့် က "ဒါအသေးအမွှားကိစ္စမဟုတ်ဘူးနော်၊ နင်တကယ်ပဲတက္ကသိုလ်ကိုအကြောင်းကြားစေချင်တာလား"

စုန့်ယန့် ဆေးလိပ်သောက်နေပြီး ဘာမှ မပြောပါ။

ရွှီချင့် ခန့်မှန်းကြည့်သည် "သူ့ကို ကြောက်အောင်ခြောက်နေတာမလား၊ ပစ္စည်းပေးတဲ့သူက ယဲ့ကျစ်လို့ပြောလာအောင်လို့လေ..."

စုန့်ယန့် သည် ရွှီချင့် ကို ကြည့်လိုက်ပြီး  "မင်းဘယ်လိုသိတာလဲ?"

ရွှီချင့်: "အင်း၊ သူကတစ်ခုခုမှားနေတယ်လို့ ခံစားရလို့"

စုန့်ယန့်: "ကျိုင်မြောင်ကဒါကို ရှင်းရှင်းလင်းလင်းလုပ်မယ်လို့ မျှော်လင့်တယ်၊ ဒီလိုတွေလုပ်နေတာကို ရပ်မှရမယ်.. ဒါကသူလုပ်ခဲ့တဲ့ကိစ္စပဲအခုလိုရှောင်မနေသင့်ဘူး၊  တကယ်လို့သူ့အမှားမဟုတ်ရင် ငါလည်းသူ့ကိုဒီတိုင်းထားမှာမဟုတ်ပါဘူး"

ရွှီချင့် က သူ့အကြောင်း ကောင်းကောင်းနားလည်သည်။  သူသည် ဖြောင့်မှန်သောလူဖြစ်သော်လည်း အလွန်ကာကွယ်ပေးတတ်သူဖြစ်ပါတယ်။ ရွှီချင့် ပြောသည် "အဲဒါကိုစဉ်းစားတာကအသုံးမဝင်ဘူး၊ ကျိုင်မြောင် က သူ့ကို ထုတ်ပြောမှာ မဟုတ်ဘူး"

"ဒီအလုပ်ကိုပဲဆက်လုပ်ဖို့မျှော်လင့်နေတုန်းပဲ"  စုန့်ယန့် က လှောင်ပြောင်သည်။  "သူ့မှာ အဲဒီလို အတွေးမျိုးရှိရင်သူ့လုပ်ရပ်အတွက် တက္ကသိုလ်မှာမှတ်တမ်းတင်ခံရလည်းအေးတာပဲ... သူဘယ်လောက် ခေါင်းမာတယ်ဆိုတာ မင်းလည်းမြင်ဖူးတာပဲ..  သူဟာသူအရမ်းထက်မြက်တယ်ထင်ပြီးတော့ နောင်တလဲမရ၊လုပ်ရပ်တွေကို ပြုပြင်သင့်တယ်လို့လည်းမတွေးဘူး။  အခုလည်း ရဲအရာရှိရဲ့သနားတက်တာကို အသုံးချနေတယ်  အဲဒီကလေးမ သေအောင်အရိုက်ခံသင့်တယ်"

ရွှီချင့် က "နင်က သူ့မိဘ ဆိုရင်တော့ ကိစ္စမရှိဘူး၊ သူမကို ကျောင်းကိုအကြောင်းကြားလို့ရတယ်  ဒါပေမယ့် ဦးလေးနဲ့ အဒေါ်က ——"

စုန့်ယန့် မျက်မှောင်ကြုတ်ကာ ပူပန်နေပုံရသည်။

ဦးလေး နှင့် အဒေါ် တို့သည် လူကောင်းများဖြစ်၏။  ဒီကိစ္စအတွက် သူတို့က ကျိုင်မြောင် ကို ဆူပူကြိမ်းမောင်းနိုင်ပါတယ်။  ဒါပေမယ့် သူမကအခု အရွယ်ရောက်နေပြီ ဖြစ်တဲ့ အတွက် သူတို့ အရမ်းစိတ်ပူနေလိမ့်မယ်။

Waiting for you in a city (MM translation)Donde viven las historias. Descúbrelo ahora