Chapter 11

498 46 0
                                    

စုန့်ယန့် ပြန်တွဲကြရအောင်...

ရွှီချင့် ညသန်းခေါင်တွင် အိပ်ရာမှနိုးလာပြီး အိပ်မက်ထဲမှာထိုစကားကိုပြောနေခဲ့သည်။

သူမ၏ဝေဝေဝါးဝါးပြောလိုက်တဲ့ စကားကြောင့် သူမအသိစိတ်က တဒင်္ဂ တုန်လှုပ်သွားခဲ့ပါတယ်။ သူသာသဘောတူခဲ့ရင် ဘာဖြစ်သွားမလဲ..

သူမမိဘတွေကိုအသိပေးဖို့သတ္တိရှိမှာလား?  သူမဤသို့မလုပ်ရဲ..

အချိန်အကြာကြီး အတူနေနိုင်ပါ့မလား? မေးစရာမလို..

မဖြစ်နိုင်မှန်း သူမ သိသော်လည်း ထိုနေ့က သူမသည်အသက်ဘေးမှ ကယ်တင်လွှတ်မြောက်ရန်အတွက် ရေမျောလာသည့်သစ်သားတစ်စကိုဖမ်းကိုင်လိုသော ရေနစ်နေသူအရူးတစ်ယောက်ကဲ့သို့ဖြစ်နေခဲ့သည်။

အကယ်၍ ကယ်တင်ခံခဲ့ရပါက၊ သူမသည် ယခင်ဘဝဟု ခေါ်တွင်သော ဘဝကိုစွန့်လွှတ်ကာ မိသားစုနှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်နိုင်ပါမည်လော..?

ရွှီချင့်သည် အဖြေကို ရှင်းရှင်းလင်းလင်း သိ၏။  ထို့ကြောင့် သူသူမအား ငြင်းပယ်လိုက်သောအခါတွင်၊ နာကျင်မှုနှင့်စိတ်ပျက်အားငယ်ခြင်းတို့အပြင် သူမ၏ လက်ရှိဘဝအခြေအနေကို ပြုပြင်ပြောင်းလဲရန်မလိုအပ်ဘဲ လုံခြုံမှုနှင့်ပျော်ရွှင်မှုအချို့လည်းရှိနေခဲ့သည်။

သူမက ဤနှစ်ခုကြားတွင် အမြဲတစေ သဘောထားကွဲလွဲနေခဲ့ပြီး၊ ဘယ်သောအခါမှ ပြတ်သားမှုမရှိခဲ့ပါ..

ညသည် တိတ်ဆိတ်နေ၏၊ ထိုအချိန်တုန်းက သူမသည် အရုပ်ဆိုးလွန်းလှသည်ဟုတွေးမိလိုက်ပါတယ်။  စုန့်ယန့်က မျက်နှာဖုံးအောက်ရှိ သူမ၏ရုပ်ဆိုးသောပုံစံကို ရှင်းရှင်းလင်းလင်းမြင်နေတာကြောင့် သူမကိုရွံရှာပြီး မထီမဲ့မြင်ပြုခဲ့သည်။  ထို့ကြောင့် သူသည် သူမနှင့်ပြန်လက်တွဲရန်ဆန္ဒမရှိခဲ့ဘဲ နောက်ပြန်လှည့်မကြည့်ခဲ့ပေ။

နံနက်သုံးနာရီတွင်သူမချမ်းတုန်နေလျက် လက်နှစ်ဖက်ဖြင့်သူမကိုသူမဖက်ကာ ကုတင်ပေါ်တွင်ထိုင်နေသည်။  ပြတင်းပေါက်ကပွင့်နေပြီး ညရဲ့ လေက အလွန်အေးစက်ပါတယ်။

မြောက်ပိုင်းရှိ ရာသီဥတုသည် သတိပေးချက်တစ်စုံတစ်ရာမရှိဘဲ ရုတ်တရက်ကြီး လျင်မြန်စွာ အေးသွားခဲ့သည်။

Waiting for you in a city (MM translation)Tahanan ng mga kuwento. Tumuklas ngayon