[nora's note: a little 🚨]
မှတ်ဥာဏ်များကသေစေနိုင်တယ်။
ရွှီချင့်အပေါ် စုန့်ယန့် ၏ချစ်ခြင်းမေတ္တာသည် နားမလည်နိုင်တဲ့ကာကွယ်လိုသောဆန္ဒမှ ဆင်းသက်လာခြင်းဖြစ်သည်။
ဘာ့ကြောင့်လဲဆိုတာ မပြောနိုင်ပါဘူး၊ သူကဒီတိုင်း သူမဘာသာတိတ်တိတ်ဆိတ်ဆိတ်နေတာကိုကြည့်နေခဲ့တယ်၊ ကျောင်းလွယ်အိတ်ကိုလွယ်ပြီးတစ်ယောက်တည်းသွားနေတာပဲဖြစ်ဖြစ်၊ စာသင်ခန်းထဲက သူမစားပွဲကို သူမဘာသာယူဆောင်တယ်၊ သပ်ရပ်သပ်ရပ်ရပ်ရပ်နဲ့ ကြုံရာကျပန်းထည့်တာပဲဖြစ်ပါစေ။ သူမအဆင်ပြေနေသရွေ့ ဘယ်သူနဲ့မှမပေါင်းသင်းတာလည်းကောင်းပါတယ်။
သူက ဒီလိုထူးဆန်းတဲ့ တိတ်ဆိတ်မှုတွေကိုတားဆီးရန် သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင်၊ ငြင်းခုံတက်အောင်၊ စနောက်၊ အနိုင်ကျင့်ခဲ့သည်။
သူ၏သူငယ်ချင်းတွေက ရွှီချင့်ကိုသူဘာလို့သဘောကျတာလဲနားမလည်ကြပါဘူး။ လှတယ်ပြောလည်း၊ သူမထက်ပိုလှတဲ့မိန်းကလေးတွေရှိပါတယ်။ စာတော်တယ်ပြောရရင်လည်း၊ သူမအဆင့်တွေကို အလယ်အလတ်ကျော်ရုံပဲလို့ပဲ မှတ်ယူနိုင်ပါတယ်။ နူးညံ့သိမ်မွေ့ခြင်းကိုပြောရင်၊ နူးညံ့သိမ်မွေ့ခြင်းဆိုတာ ဘယ်မှာရှိတယ်ဆိုတာ တကယ် မတွေ့မိပါဘူး။ ရက်ရောမှု ၊ အဲဒါကပိုတောင်ဆိုးသေးတယ် ၊ ပြီးတော့ ကြီးမားတဲ့ခြားနားချက်တွေနဲ့ ။
စုန့်ယန့်လို လူတစ်ယောက်အတွက်၊ သူနဲ့ထိုက်တန်တဲ့မိန်းကလေးက ကြီးကျယ်ခမ်းနားတဲ့ မိန်းကလေး ဖြစ်သင့်တယ်။ သူမသည် အသက်ဝင်ခြင်း၊ ရွှင်လန်းခြင်း သို့မဟုတ် ထုတ်ဖော်ပြသခြင်းမျိုးမရှိ သူမ၏ အသည်းနှလုံးသားသည်တောင့်တင်းပြီး ခံစားချက်မဲ့အမူအယာများလွှမ်းမိုးထားသည်။
ရွှီချင့်ကစကားပြောရတာ မကြိုက်သလိုအမူအရာ ကင်းမဲ့ပြီး ခေါင်းငုံ့ကာ တခြားသူတွေနဲ့ မျက်လုံးချင်းမဆိုင်ပါဘူး။ သူမကိုကြည့်လိုက်ရင် ကောင်းကင်ကြီးရဲ့အမှောင်ထုကဲ့သို့ခန့်မှန်းမရသလိုဘာမှမမြင်နိုင်ပါ။
သူမအနားမှာတစ်ယောက်မျှမရှိပေ။
ဒါပေမယ့် စုန့်ယန့် က သူမကို သဘောကျရုံမကပဲ သူမအပေါ်မကောင်းတဲ့လူမှန်သမျှကိုရိုက်နှက်ဆုံးမချင်ခဲ့တယ်။
ESTÁS LEYENDO
Waiting for you in a city (MM translation)
RomanceTitle: Waiting for you in a city (一座城,在等你) Author: Jiu Yue Xi (玖月晞) General: drama, romance Total 68 chapters Main Character: Song yan စုန့်ယန့်宋焰, Xu qin ရွှီချင့်许沁 /(孟沁)မုန့်ချင့် မာနကြီးတဲ့မီးသတ်အရာရှိလေးစုန့်ယန့် နဲ့ အေးစက်စက်နိုင်တဲ့ဆရာဝန်မ...