Chapter 10

536 55 1
                                    

ရေတွေစီးဆင်းနေသေးပေမယ့် ရေတိမ်ပိုင်းကိုရောက်နေပြီမို့လို့ ရွှီချင့် ကိုမျောပါမသွားစေနိုင်ပါဘူး။

စုန့်ယန့် မျက်ခုံးကိုနိမ့်ကာသူမကို စိုက်ကြည့်ပြီးနောက် အဝေးကိုအကြည့်လွှဲလိုက်၏။  သူ အသက်ကိုပြင်းပြင်းရှုနေပြီး မောပန်းနေသည့်အတွက်တွင် သဘာဝအတိုင်း သူ့ဒေါသသည်အလွန်ဆိုးရွားလှသည်။

သို့သော် ထပ်၍ထိန်းမရသော ကားများက တံတားအောက်ကိုဆက်၍လျောကျသွားကြ၏။  စုန့်ယန့် က ကားပိုင်ရှင်များ၏ ဆွေမျိုးဆယ့်ရှစ်ဆက် ဘိုးဘေးများကို ကြိမ်းမောင်းမေတ္တာပို့ရင်း ကားတစ်စီးချင်းစီကို သွားစစ်ဆေးခဲ့တယ်။  ကံကောင်းထောက်မစွာ၊ ကားအတွင်းဗလာဖြစ်ပြီး အထဲမှာ ဘယ်သူမှမရှိခဲ့ပါ။

စုန့်ယန့် ကားများကို စစ်ဆေးပြီးနောက်တွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခဲ့သည်။  ရွှီချင့်က သူ့လက်မောင်းတွင် သွေးများဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသောအခါ ကားပေါ်မှာသူမကိုကယ်တင်ရင်းနဲ့ မှန်ကွဲနဲ့ထိခိုက်သည်ကိုသတိရလိုက်၏။

"နင့်လက်မှာ ဒဏ်ရာရှိနေတယ်.."  ရွှီချင့် က စုန့်ယန့်ဆီသို့ လျှောက်သွားတုန်း တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်ရှိ walkie-talkie က "ချင်ရွှေဟူ လမ်း မှာ ကားအများအပြား တိုက်မိပြီး ဒဏ်ရာရရှိသူ သုံးဦး ကားမောင်းတဲ့သူဘေးမှာ ပိတ်မိနေတယ်......"

စုန့်ယန့်က ရွှီချင့်ကို လှည့်ကြည့်လိုက်သည်။  သူမသည် မိုးသက်မုန်တိုင်းထဲတွင် ပိန်လှီဖျော့ဖျော့စွာနှင့်ရပ်နေ၏။  သူမ အဆင်ပြေနေရဲ့လား သေချာအောင် သူ့မျက်လုံးတွေကို သူမကိုအပေါ်အောက်ကြည့်ရင်း စစ်ဆေးလိုက်ပါတယ်။  ထိုတာဝန်ပြီးတာနဲ့ လှည့်ထွက်သွားခဲ့သည်။

"ကားထဲမှာရှိနေတဲ့လူကငါဖြစ်နေမှန်းသိခဲ့တာလား"  ရွှီချင့်က သူ့နောက်မှာ မေးလိုက်တယ်။

စုန့်ယန့်၏ခြေလှမ်းများသည် တစ်စက္ကန့်မျှ ရပ်တန့်သွားသော်လည်း တုံ့ပြန်ခြင်းမရှိပေ။  Walkie-talki က ပြန်မြည်လာပေမယ့် သူ နောက်ပြန်လှည့်မကြည့်ပါဘူး။

Waiting for you in a city (MM translation)Where stories live. Discover now