Chapter 2

909 56 0
                                    

အလုပ်ပြီးသောအခါ ရှီချင့်ကပရော်ဖက်ဆာ ရွှီခန် ကိုရှာဖွေရန် ကိုးထပ်ရှိ မီးလောင်ခွဲစိတ်မှုကုသရေးဌာနသို့ သွားခဲ့သည်။  မနေ့ညကခွဲစိတ်မှုအတွင်း သူမကြုံတွေ့ရတဲ့ကိစ္စအနည်းငယ်ကို ပါမောက္ခနဲ့ ဆွေးနွေးချင်တာကြောင့်ဖြစ်သည်။

မနက် 8 နာရီတွင် ရွှီခန်က ဆေးရုံ၌ မရှိပါပေ။

ရွှီချင့် သူနာပြုကိုမေးပြီးနောက်မှ သူမ ရက်မှားပြီးလာမိတာကိုသိလိုက်ပါတယ် ။  ပရော်ဖက်ဆာရွှီခန်က စနေနေ့တိုင်း နားရက်ယူသည်။ ဒီနေ့သောကြာနေ့လို့ထင်တာ- သူမအခုတလောအရမ်းပင်ပန်းနေပြီ၊ ရွှီချင့်နှာခေါင်းကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ပြီးနောက် ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်၏။ သန့်စင်ခန်းနားကဖြတ်သွားတော့ သူမနာမည်ကို မထင်မှတ်ပဲ ကြားလိုက်ရပါတယ်

"ရွှီချင့်က အရေးပေါ်ဌာနကနေပြန်ရောက်လာရင် ကြီးကြပ်သမားတော်အဖြစ် ရာထူးတိုးခံရမယ်လို့ ကြားတယ်"  ဒါ ယန်စစ်ကျား အသံပေ၊  သူမနှင့် ရွှီချင့်သည် တစ်ချိန်တည်းတွင် ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။  ၎င်းတို့က အတူတူ အလုပ်သင်ဖြစ်ခဲ့ကြပြီး အတူတကွပဲအမြဲတမ်းဆရာဝန်အဖြစ်ခန့်အပ်ခံရသည်။

"ဘာကြီး?!  ကြီးကြပ်သမားတော်?"  ကျူးရှန် က သူမတို့၏စီနီယာဖြစ်ပြီး ထိုစကားကြားတော့ စိတ်မချမ်းသာကြောင်းမှာအသေချာပင်- "ဘာကိုအခြေခံပြီးတော့လဲ? US မှာ ကျောင်းတက်ခဲ့လို့လား? ဒီရောက်တာနှစ်အနည်းငယ်လောက်ပဲရှိသေးတာကို၊ သူမမှာ လုံလောက်တဲ့အတွေ့အကြုံရှိနေပြီမလို့လား"

"ဆိုတော့ အရေးပေါ်ဌာနကို ပို့လိုက်တာ လူတွေကို လှည့်စားလိုက်တာပဲပေါ့ သူကသေချာပေါက်ပြီးသွားတဲ့အခါကျကြီးကြပ်သမားတော်ဖြစ်မှာ  ဒါကြီးကတော့ လုံးဝမသင့်လျော်ဘူးနော်.. ဒါပေမယ့် ဘယ်သူကမှလဲအပြစ်ရှာနိုင်မှာလဲ သူကတော့ခြွင်းချက်တစ်ခုလိုဖြစ်လာမှာပေါ့"  ယန်စစ်ကျား ကလက်ဆေးပြီး ကျူးရှန်အား သနားစိတ်အပြည့်ဖြင့် ကြည့်သည် "ကျွန်မကတော့ အမအလှည့်ဖြစ်သင့်တယ်လို့ပဲခံစားရတယ် အမကသူ့ထက်အသက်ကြီးတယ်၊ သူ့ထက်လည်းအတွေ့အကြုံ ပိုရှိတယ်လေ ဒါပေမယ့်ဘယ်တက်နိုင်ပါ့မလဲ၊ သူ့မှာကအဆက်အသွယ်တွေရှိတယ်"

Waiting for you in a city (MM translation)Tempat cerita menjadi hidup. Temukan sekarang