နို၀င်ဘာလ ၂ ရက်နေ့ တွင်ရာသီဥတုက သာယာပါတယ်။ နေရောင်က တောက်ပနေပြီး ကောင်းကင်ကြီးက အပြာရောင်ဖြင့်။ ကြည့်ရတာ အရမ်းကောင်းပေမယ့် အပူချိန်ကအနည်းငယ်နိမ့်သည်။
ရွှီချင့် က ယနေ့တွင် ပုဝါဝတ်ထားလျက်ဝူဖန်း လမ်းဆီသို့ လျှောက်သွားနေ၏။ သူမ လှည့်ပတ်ကြည့်ပါတယ်။
အခုလောလောဆယ် ဆိုင်တွေ မဖွင့်သေးတော့ သစ်သားတံခါးများဟာပိတ်ထားသည်။ မနက်စာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေပဲရှိပါတယ်။ နောက်ထပ်တစ်နေ့စတင်ပါပြီ။
ရွှီချင့် က အရင်ကဘယ်သူ့ကိုမှ ဂရုမစိုက်မိခဲ့ပါ။ သို့သော် ယနေ့တွင် သူမသည် လူတစ်ဦးချင်းစီကို အလေးအနက်ထား၍လိုက်ကြည့်နေခဲ့သည်။
စုံတွဲတစ်တွဲသည်ယာဂုနှစ်ပွဲဝယ်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် နမ်းကြသည်။
"ညမှတွေ့မယ်နော်"
"ကောင်းကောင်းအလုပ်လုပ်ပါ"
"သိပါပြီဗျာ"
သူတို့နှစ်ယောက်လုံးက ခွဲခွါပြီးနောက် မတူညီတဲ့ ဦးတည်ရာကို သွားလိုက်ကြသည်။ အမျိုးသမီးသည် ရွှီချင့် ၏ ဦးတည်ရာဆီသို့ ပြေးသွားပါတယ်။ သူမ၏ အပြုံးသည် အလွန်တောက်ပနေခဲ့၏။ ယောက်ျားလေးက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် အမျိုးသမီးလေးကို ပြန်ကြည့်ကာ ပြုံးသည်။ ထို့နောက် သူသည် ဆက်လက်ထွက်ခွာသွားခဲ့သည်။
ထိုအမျိုးသမီးလေးသည်နံနက်စာထုပ်ကိုကိုင်လျက် ယာဉ်မောင်းကိုခေါ်လိုက်တယ်။
ဆိုင်အတွင်းတွင် ခေါက်ဆွဲစားနေစဉ် တက်ဘလက်နှင့် ဂိမ်းကစားနေသည့် အမျိုးသားတစ်ဦးလည်း ရှိနေပါတယ်။ ၎င်းက အလျင်အမြန် ဝါးလျက်ရှိကာ ခေါက်ဆွဲကပဲအရမ်းအရသာရှိလို့လား ဒါမှမဟုတ် အေးအေးဆေးဆေးစားဖို့ အချိန်မရှိတာကြောင့်လားဆိုတာ မရှင်းမလင်းဖြစ်နေရပါတယ်။
ထို့နောက် လက်ဆွဲအိတ်ကိုကိုင်ဆောင်၍ လမ်းလျှောက်နေသူတစ်ဦးလည်း ရှိသည်။ အဲဒီလူက Youtiao (အီကြာကွေး) ကိုဝါးလျက် မနက်စားနေရင်းနဲ့ လမ်းလျှောက်နေ၏။
VOCÊ ESTÁ LENDO
Waiting for you in a city (MM translation)
RomanceTitle: Waiting for you in a city (一座城,在等你) Author: Jiu Yue Xi (玖月晞) General: drama, romance Total 68 chapters Main Character: Song yan စုန့်ယန့်宋焰, Xu qin ရွှီချင့်许沁 /(孟沁)မုန့်ချင့် မာနကြီးတဲ့မီးသတ်အရာရှိလေးစုန့်ယန့် နဲ့ အေးစက်စက်နိုင်တဲ့ဆရာဝန်မ...